Thursday, June 30, 2016

မဲခေါင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံအကြားကုန်သွယ်စီးပွားကဏ္ဍ မြှင့်တင်ရန် ဆွေးနွေး

ရန်ကုန် ဇွန် ၃၀
စတုတ္ထအကြိမ်မြောက် Mekong-ROK Business Forum ကို “Realizing Investment Opportunities in Mekong Sub-Region” ခေါင်းစဉ်ဖြင့်  ရန်ကုန်မြို့ Novotel ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ 1st Vice Minister Mr. Lim  Sung-nam တို့က အမှာစကားပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော် - ဇွန်လ ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Nicolas Coppel အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

ယနေ့ ယူရို ၅၁ ဒသမ ၁၃ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ရောင်းချရ


နေပြည်တော် ဇွန် ၃၀
၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့ ကျောက်စိမ်းအတွဲ ၆၈၄ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ်လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် (မြန်မာ/အင်္ဂလိပ်) ကို ဖော်ပြအပ်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ်လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် (မြန်မာ/အင်္ဂလိပ်) ကို ဖော်ပြအပ်ပါသည်။

Ref: Ministry of Foreign Affairs Myanmar





နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ အားကစားတက္ကသိုလ်နှင့် အားကစားလေ့ကျင့်ရေး စခန်းများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့လက်ရွေးစင် အားကစားသမားများ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) အား ယနေ့ညနေ (၃) နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလား ဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ အမ်ဒီ ရှာဟိဒူလ် ဟော့ခ် အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တတိယအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံပို့ဆောင်ရေးဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ


နေပြည်တော် ဇွန် ၃၀
တတိယအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံပို့ဆောင်ရေး ဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက် အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး တိုင်းဒေသကြီးပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်  ဇွန်  ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေး ဆောင်ရွက်နေသောလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်းစဉ်အရ ပြည်နယ်နှင့်တိုင်းအသီးသီးမှ လုပ်ငန်းဖြစ်မြောက် ရေး လူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ် လုပ်ငန်း အဖွဲ့ဝင်များ၊ UN Joint Team မှတာဝန် ခံများ၊

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနတို့အား ကြည့်ရှုစစ်ဆေး


ရန်ကုန် - ဇွန်  ၃၀
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ယနေ့ နံနက် (၈) နာရီခွဲတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center သို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းစဉ်များ၊ ရန်ကုန်မြို့တော် မီးငြှိမ်းသတ်ရေးစနစ် (Standard Operation Procedure-SOP) တို့နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း အီတလီ သံအမတ်ကြီး H.E. Mr. Pier Giorglo ALIBERTI နှင့် တွေ့ဆုံ


နေပြည်တော် ဇွန် ၃၀
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် အီတလီ သံအမတ်ကြီး H.E.Mr.Pier Giorglo ALIBERTI အား ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ချည်ထည်နှင့် သားရေလုပ်ငန်း စစ်ဆေးရေးသင်တန်းဆွေးနွေးပွဲ


နေပြည်တော် ဇွန် ၃၀
စက်မှုဝန်ကြီးဌာန အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea Apparel Testing & Research Institute ( KATRI) တို့ပူးပေါင်း၍  ချည်ထည်နှင့်သားရေလုပ်ငန်းစစ်ဆေးရေး သင်တန်းနှင့်ဆွေးနွေးပွဲ (Textile Testing and Leather Testing Seminar) ကို ယနေ့ပိုင်းက နေပြည်တော်ရှိ Royal ACE ဟိုတယ်၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်အမှာစကား ပြောကြားသည်။

Wednesday, June 29, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် အား တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၉
အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် ယဉ်ကျေးမှု ကိုးကွယ်သည့်ဘာသာ၊ မျိုးနွယ်ချင်း တူညီကြသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကောင်းဆုံး အခြေအနေမှာ တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော် ဇွန် ၂၉
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်းသာမက နိုင်ငံတကာ မျက်နှာစာတွင်ပါ စံပြချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၉
နှစ်နိုင်ငံပြည်သူများအနေဖြင့် ကူးလူးဆက်ဆံ သွားရောက်၍ အလုပ်လုပ်ကိုင် ကြရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ပြောကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသွားရောက်ခဲ့သော တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာ သတင်း ထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများ ကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ရှိဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည်တိုင်းတာရေး ကိစ္စများအပါအဝင် နှစ်နိုင်ငံအကျိုး တူပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်နိုင်မည့်အခြေအနေများ ဆွေးနွေး


နေပြည်တော် ဇွန် ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် နိုင်ငံသံအမတ်ကြီး မစ္စတာစတီ ဖင်မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံသည်။

Tuesday, June 28, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယူဂျယ်ဂျောင်းအား လက်ခံတွေ့ဆုံ


နေပြည်တော်  ဇွန်  ၂၈

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယူဂျယ်ဂျောင်း အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန်  ၂၈ 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယူဂျယ်ဂျောင်းအား  ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်း မ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် ဘင်းမ် စတက်မှ အတွင်းရေးမှူးချုပ် မစ္စတာဆူမစ် နာကန်ဒလာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၃)နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ညီညွှတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးကို ဆောက်တည်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား


နေပြည်တော် ဇွန် ၂၈
“နောင်မျိုးဆက်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့ နိုင်ငံဟာ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ညီညွှတ်မှ ငြိမ်းချမ်း နိုင်မှာပါ။ ဒါ့ကြောင့် ကျွန်မတို့က ညီညွှတ်ရေးကို ရှာဖွေရမယ်။ ညီညွှတ်ရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဆောက်တည် ရမယ် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူး ဇီလန်နိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများ ပေးအပ်



နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယူဂျယ်ဂျောင်း သည် ယနေ့နံနက်(၁၀)နာရီတွင်လည်းကောင်း၊ နယူးဇီလန်နိုင်ငံ သံ အမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ စတီဖင် မာရှယ်သည် ယနေ့နံနက် (၁၀)နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌   ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။        

Monday, June 27, 2016

(၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၂၇
နောင်လာ နောင်သားများ လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် လွတ်လပ်ရေး မဆုံးရှုံးစေရေး အသက်ပေး ကာကွယ် စောင့်ရှောက် သွားမည် ဟူသည့် မျိုးချစ် စိတ်ဓာတ်များ ပိုမိုရှင်သန် တိုးတက် မြင့်မား လာစေရေး အတွက် ရည်ရွယ်၍ အာဇာနည်နေ့ အခမ်းအနားအား ကျင်းပသွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန၊ SIBAT (Israel MOD International Defense Cooperation Directorate) ၏ Director ဖြစ်သူအား လက်ခံတွေ့ဆုံ



နေပြည်တော် ဇွန် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန SIBAT(Israel  MOD  International  Defense  Cooperation  Directorate)၏ Director ဖြစ်သူ Brigadier  General (Ret.) Mishel  Ben  Baruch အား လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား



ပြင်ဦးလွင် ဇွန်  ၂၇
ပြည်သူများ၏ ရေရှည် အကျိုးစီးပွားကို ရှေးရှုပြီး စိတ်ကောင်း စေတနာကောင်းဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပေးအပ်သည့် တာဝန်များကို ကြိုးစား ထမ်းဆောင်ကြပါဟု တိုက်တွန်းကြောင်း  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ဦးဆောင်၍ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသ နည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြု အစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၂၇
သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသ နည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်စေရန်၊ ဌာနအဖွဲ့အစည်း အသီးသီး အနေဖြင့်‌ အာကာသ နည်းပညာ အသုံးပြု၍ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုချိတ်ဆက် ပူးပေါင်း ဆောင်ရွက် လာနိုင်စေရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့ အခြေစိုက် United Nations Platform for Space-based Information for Disaster Management and Emergency Response (UN-SPIDER)တို့ ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသ နည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြု အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က အဖွင့်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး



ရန်ကုန် ဇွန် ၂၇
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ (UN)၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အကျဉ်း ဦးစီးဌာန (အင်းစိန်)သို့ သွားရောက်၍ သိရှိလိုသည်များကို မေးမြန်းရာ  အကျဉ်းဦးစီးဌာန (အင်းစိန်) ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြန်လည် ဖြေကြားသည်။

ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူးခြင်း နည်းဗျူဟာပါ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်သည့် အခမ်းအနား ကျင်းပ



နေပြည်တော်  ဇွန် ၂၇
ဆေးနှင့် ဆေးပစ္စည်းများ စနစ်တကျ ဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးမှ ချမှတ်ထားသော Sustainable Development  Goal ရည်မှန်းချက်များ ရရှိစေရန် အထောက်အပံ့များ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ဇွန်(၂၇) ရက်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူခြင်း နည်းဗျူဟာပါ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

အသစ်ပေါ်ထွန်းလာသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်သူ့အတွက် ရက် ၁၀၀ မှသည် အနာဂတ်မျှော်မှန်းချက်များ


နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ယခုနှစ် ဧပြီ ၆ ရက်က ပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေနှင့် အညီ နိုင်ငံတော် အစိုးရသစ် တာဝန်ယူစဉ် “နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန” ဆိုသည့် ဝန်ကြီးဌာနသစ်တစ်ခု လည်း ပေါ် ထွက်လာခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ) ကျင်းပရေးစသည့် နိုင်ငံအတွက် အရေးကြီး သည့် ကဏ္ဍများကို အကောင် အထည်ဖော် ဆောင်ရွက်လာကြောင်း တွေ့မြင်လာရသည်။

Sunday, June 26, 2016

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်


ရန်ကုန် - ဇွန်  ၂၆
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရေး ကော်မတီများအနေဖြင့် လွတ်လပ်စွာ ညှိနှိုင်းဆွေးနွေးကြပြီး အများသဘောတူညီချက် ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

"ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် မူးယစ်ဆေးဝါးပြဿနာကို သိသာထင်ရှားစွာလျော့နည်းကျဆင်းအောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွား ရမည်"


 နေပြည်တော် ဇွန်  ၂၆
နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  (၂၁)ရာစုပင်လုံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် မူးယစ်ဆေးဝါး ပြဿနာကို သိသာထင်ရှားစွာလျော့နည်းကျဆင်းအောင် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ Cyclone Shelter များသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန် ဇွန် ၂၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြိုနယ် လက်ခုပ်ကုန်းကျေးရွာရှိ မုန်တိုင်း ဒဏ်ခံအဆောက်အဦ (Cyclone Shelter) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားဖူးမြော်


ကျောက်ဆည် ဇွန် ၂၅
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်သည်ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားသို့ လာရောက်ဖူးမြော်ကြောင်း သိရသည်။

နိုင်လွေး(ခ)နိုင်လှသောင်းဦးစီးသော လက်နက်ကိုင်အဖွဲ့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်


နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်တွင် တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်း၍ တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်


နေပြည်တော် ဇွန် ၂၅
သစ်ပင်စိုက်ပျိုးခြင်းသည် အများပြည်သူအတွက် အေးမြသည့် အရိပ် အာဝါသကိုဖန်တီးပေးသည့် လုပ်ဆောင်ချက်ဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနိုင်ကာ သဘာဝဘေးဒဏ်များကို ကြိုတင်ကာကွယ် နိုင်မည်ဖြစ်၍ အမျိုးသားရေး စိတ်ဓာတ်ဖြင့် စေတနာထားကာ ရှင်သန်အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်းဆည် အနီး၌ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၏ ၂ဝ၁၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားသို့တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြောင်းလဲနေသည့်ခေတ်စနစ်ကို ထင်ဟပ်အားကောင်းစေမည့် တေးသီချင်းများ ရေးသားထုတ်လွှင့်နိုင်ရေး တွေ့ဆုံဆွေးနွေး


ရန်ကုန် ဇွန် ၂၅
တေးသီချင်းများကို ဂီတအသံနှင့် ပေါင်းစပ်လိုက်ပါက ပိုပြီးအားကောင်း ထိရောက်မှုရှိလာမည်ဖြစ်ပြီး တေးသီချင်း၊ ဂီတအသံနှင့် ရုပ်မြင်သံကြား ပူးပေါင်းလိုက်သည့်အခါ ပိုပြီးသက်ရောက်မှု ရှိလာ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားအားလုံးသည် အိမ်ရှင်နိုင်ငံ၏ ဥပဒေစည်းကမ်းများအတိုင်း နေထိုင်သွားကြရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားမှာကြား


ဗန်ကောက် ဇွန် ၂၅
ထိုင်းနိုင်ငံ၌ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ဇနီး လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နခွမ်းပထုမ်ခရိုင် ဘန့်ဟိုးအောင် စံပြကျေးရွာနှင့် SAMPRAN Riverside တို့သို့ သွားရောက်၍ သဘာဝနည်းကျစိုက်ပျိုးထုတ်လုပ်မှု၊ ဇီဝမြေသြဇာထုတ်လုပ်မှု၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်သော ပေါင်းစည်းလယ်ယာစနစ် လုပ်ကိုင်နေမှုနှင့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာသည်။

Saturday, June 25, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးညီလာခံတက်ရောက်

နေပြည်တော် ဇွန် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဆွစ်ဇာလန်နိုင်ငံ Winterthur မြို့တွင် ဇွန်၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့်‌ သက်မွေးပညာ၊ ကျွမ်းကျင် မှုနှင့်‌ လေ့ကျင့်ရေးညီလာခံသို့ တက်ရောက်ခဲ့သည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် - ဇွန်  ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စက်မှုဝန်ကြီးဌာနနှင့် ယုဇနကုမ္ပဏီများမှ ပြန်လည်စွန့်လွှတ် လယ်ယာမြေများအား မူလတောင်သူများသို့ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကျင်းပ


ရန်ကုန် - ဇွန်၂၅
ယနေ့ပြုလုပ်သည့် စွန်လွှတ်မြေများပြန်လည် လွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်မြေ (၃၁၆၆)ဧကကို မူလပိုင်ရှင်တောင်သူလယ်သမား (၂၅၂) ဦးနှင့်ဖျာပုံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနက သီးခြားစွန့်လွှတ် သည့် နိုင်ငံပိုင်မြေ (၃၂၆၈) ဧကကိုမူလပိုင်ရှင် တောင်သူလယ်သမား (၇၂) ဦးတို့ထံပြန်လည် လွှဲပြောင်းပေးအပ်သွားမှာဖြစ်သည့် အတွက် မိမိအနေဖြင့် ၀မ်းမြောက်ပီတိဖြစ်ရပါကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် မြန်မာပုလဲအတွဲ ၂၀၀ တွဲ ရောင်းချခဲ့ရ


နေပြည်တော် ဇွန် ၂၅
(၅၃) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရှုပ်ထွေးနေသည့်ဆားဗစ်ကြိုးများကို စနစ်တကျ ရှင်းလင်းဆောင်ရွက်


ရန်ကုန်-ဇွန် ၂၅
မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများနှင့် အမြင်မတင့်တယ်သည့် ဆားဗစ်ကြိုးများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်အတွင်း ရှင်းလင်းဆောင်ရွက်နေမှု လုပ်ငန်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သွားရောက်ကြည့်ရှုရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက  လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်းလေယာဉ်နှင့် မန်းရတနာပုံလေကြောင်းလိုင်းမှ လေယာဉ်တောင်ပံများ ထိခိုက်မှုဖြစ်ပွား


ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်နှင့် မန်းရတနာပုံ လေကြောင်းလိုင်းမှ လေယာဉ်တို့ ထိခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ Goethe Institut နှင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) တို့အား စစ်ဆေး


ရန်ကုန်၊ ဇွန် ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဇွန် ၂၄ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇရိပ်သာအတွင်းရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) သို့ ရောက်ရှိရာအနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက အနုပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်သည်များကို Power Point ဖြင့်

Friday, June 24, 2016

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်အရ မြေငှားဂရန်များထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး


ကြာအင်းဆိပ်ကြီး ဇွန် ၂၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်အရ မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နှင့် မြို့နယ်မြေငှားဂရန် ထုတ်ပေးရေးအဖွဲ့တို့သည် အမှတ် ၎

နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့်အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဗန်ကောက်  ဇွန်  ၂၃
မိမိတို့ နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ထိုင်းနိုင်ငံခရီးစဉ်အစတွင် မဟာချိုင် မြို့သို့ သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များဆွေးနွေး

နေပြည်တော် ဇွန် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် JICA Myanmar Office ၏ Chief Representative ဖြစ်သူ Mr. Keiichiro Nakazaw နှင့်အဖွဲ့အားလည်းကောင်း၊ Advanced Broadcast Solution (ABS) ၏ Director-CTO ဖြစ်သူ Mr. Dennis Breckenridge နှင့်အဖွဲ့အား လည်းကောင်း၊ MAZE Co.,Ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဦးလွင်မိုးနှင့်အဖွဲ့အားလည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန၌ သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

Thursday, June 23, 2016

မြစ်ကြီးနားမြို့၌ မတော်တဆကျည်ပေါက်ထွက်သေဆုံးခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်


နေပြည်တော် ဇွန် ၂၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သား နှစ်ဦးသည် လုံခြုံရေးတာဝန်ခံအရာရှိ၏ တာဝန်ပေးချက်အရ နှောင့်ယှက်ခံရသည့် လူငယ်(၄)ဦးကို ကူညီလိုက်ပါပို့ ဆောင်စဉ် လူ(၈)ဦးက လုံးထွေးထိုးကြိတ်ပြီး သေနတ်လုယူရာမှ မတော်တဆကျည်ပေါက် ထွက်ပြီးမောင်ဂွမ်ဆိုင်းအောင် ထိမှန်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့်အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား


ဗန်ကောက်  ဇွန်  ၂၃
မိမိတို့ နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ထိုင်းနိုင်ငံခရီးစဉ်အစတွင် မဟာချိုငမြို့သို့သွားရောက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြားဆက်ဆံရေးတိုးမြှင့်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သို့ရောက်ရှိ


ဗန်ကောက်  ဇွန်  ၂၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြား ချက်အရ နှစ်နိုင်ငံအကြားဆက်ဆံရေးတိုးမြှင့်ရန် ဇွန် ၂၃ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအတွင်း ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက် ထားသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားကျင်းပ


နေပြည်တော် ဇွန် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက် ၁၀နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက် နေမှုများအား ဆန်းစစ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကား‌ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့တရားဝင်ခရီး ထွက်ခွာ


ရန်ကုန် ဇွန်  ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ  ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ယနေ့နံနက် ၉ နာရီမိနစ် ၅၀တွင် ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့တရားဝင်ခရီး ထွက်ခွာ


ရန်ကုန် ဇွန်  ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ  ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ယနေ့နံနက် ၉ နာရီမိနစ် ၅၀တွင် ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့တရားဝင်ခရီး ထွက်ခွာ


ရန်ကုန် ဇွန်  ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ  ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ယနေ့နံနက် ၉ နာရီမိနစ် ၅၀တွင် ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။