Thursday, June 30, 2016

မဲခေါင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံအကြားကုန်သွယ်စီးပွားကဏ္ဍ မြှင့်တင်ရန် ဆွေးနွေး

ရန်ကုန် ဇွန် ၃၀
စတုတ္ထအကြိမ်မြောက် Mekong-ROK Business Forum ကို “Realizing Investment Opportunities in Mekong Sub-Region” ခေါင်းစဉ်ဖြင့်  ရန်ကုန်မြို့ Novotel ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ 1st Vice Minister Mr. Lim  Sung-nam တို့က အမှာစကားပြောကြားသည်။ 

ဖိုရမ်တွင် မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် စီးပွားရေးဆောင်ရွက်ရာတွင် ဈေးကွက်သစ်များ၊ ရောင်းချးသူနှင့် ၀ယ်ယူသူအသစ်များကို ရှာဖွေသွားရန်နှင့် ကုန်စည်ပြပွဲများအတွက် ကွန်ရက်များချိတ်ဆက်ခြင်း၊ စီးပွားရေးအခွင့်အလမ်းများ၊ စီးပွားရေး မိတ်ဖက်များ  အွန်လိုင်းမှချိတ်ဆက်ခြင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နှင့်ထိုင်းနိုင်ငံများရှိ စက်မှုလုပ်ငန်းများကို လေ့လာရန်နှင့် business matching များပြုလုပ်ရန် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ကိုရီးယားနိုင်ငံမှ 1st Vice Minister Mr. Lim Sung-nam ခေါင်းဆောင် သောအဖွဲ့နှင့် မဲခေါင်ဒေသနိုင်ငံများမှ အဆင့်မြင့်အရာရှိများ   တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Mekong Institute တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် မဲခေါင်ဒေသနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များသည် သီလ၀ါအထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။ 

No comments:

Post a Comment