Monday, June 27, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန၊ SIBAT (Israel MOD International Defense Cooperation Directorate) ၏ Director ဖြစ်သူအား လက်ခံတွေ့ဆုံ



နေပြည်တော် ဇွန် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန SIBAT(Israel  MOD  International  Defense  Cooperation  Directorate)၏ Director ဖြစ်သူ Brigadier  General (Ret.) Mishel  Ben  Baruch အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်းနေမှု အခြေအနေနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူးရုံးနှင့် ပူးပေါင်း လုပ်ဆောင် နေသည့် စိုက်ပျိုးရေး လုပ်ငန်း ဆိုင်ရာများ၊ ဆက်လက် ပူးပေါင်း လုပ်ဆောင်မည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာနမှ Brigadier  General (Ret.) Mishel  Ben  Baruch နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

No comments:

Post a Comment