Monday, June 27, 2016

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး



ရန်ကုန် ဇွန် ၂၇
ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ (UN)၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အကျဉ်း ဦးစီးဌာန (အင်းစိန်)သို့ သွားရောက်၍ သိရှိလိုသည်များကို မေးမြန်းရာ  အကျဉ်းဦးစီးဌာန (အင်းစိန်) ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြန်လည် ဖြေကြားသည်။







ထို့နောက် မစ္စယန်ဟီလီသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ရောက်ရှိရာ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် တာဝန်ရှိသူများက ကော်မရှင်မှ ဆောင်ရွက် နေသည့် လုပ်ဆောင်ချက်များနှင့် လူ့အခွင့်အရေး မြှင့်တင်ရေး၊ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြားကြသည်။
ထိုမှတစ်ဆင့် မစ္စယန်ဟီလီသည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးသို့ သွားရောက်ရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ခ) ဖိုးသောကြာနှင့် တာဝန်ရှိသူများက သတင်းမီဒီယာ ကောင်စီ ပြင်ဆင် ဖွဲ့စည်းထားမှုနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာနှင့် စပ်လျဉ်းသည်များကို ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် မစ္စယန်ဟီလီသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ သွားရောက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

No comments:

Post a Comment