Sunday, June 26, 2016

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်


ရန်ကုန် - ဇွန်  ၂၆
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပရေး ကော်မတီများအနေဖြင့် လွတ်လပ်စွာ ညှိနှိုင်းဆွေးနွေးကြပြီး အများသဘောတူညီချက် ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီး ဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပသည့် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲတော်ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ၀န်ကြီး က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက စာအုပ်ဈေးရောင်းပွဲတော်သည် ပထမအကြိမ် ကျင်းပ ခြင်းဖြစ်ပြီး အောင်အောင် မြင်မြင်ဖြစ် သွားပါက ဆောင်းရာသီစာတမ်းဖတ်ပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို ဆက်လက်ကျင်းပ သွားရန် မျှော်မှန်းထားပါကြောင်း၊ ထိုသို့ကျင်းပ နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆက်လက် ပြောကြားသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ  ကျင်းပရေး ကော်မတီနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ကျင်းပရေး ကော်မတီများမှ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များက ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေး တင်ပြချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  ဖြည့်စွက်ဆွေးနွေးသည်။

အဆိုပါ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ   ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment