Sunday, June 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်


နေပြည်တော် ဇွန် ၂၅
သစ်ပင်စိုက်ပျိုးခြင်းသည် အများပြည်သူအတွက် အေးမြသည့် အရိပ် အာဝါသကိုဖန်တီးပေးသည့် လုပ်ဆောင်ချက်ဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနိုင်ကာ သဘာဝဘေးဒဏ်များကို ကြိုတင်ကာကွယ် နိုင်မည်ဖြစ်၍ အမျိုးသားရေး စိတ်ဓာတ်ဖြင့် စေတနာထားကာ ရှင်သန်အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်းဆည် အနီး၌ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၏ ၂ဝ၁၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားသို့တက်ရောက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိုးရာသီသစ်ပင်စိုက် ပျိုးပွဲအထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက ကံ့ကော်ပင်ကို လည်းကောင်း စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၏ ၂ဝ၁၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၅ဝဝဝ အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပကြပြီး တပ်မတော်တစ်ရပ်လုံး အနေဖြင့် ယနေ့စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၄ဝ၈၄၉၇ ပင် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment