Thursday, June 23, 2016

မြစ်ကြီးနားမြို့၌ မတော်တဆကျည်ပေါက်ထွက်သေဆုံးခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်


နေပြည်တော် ဇွန် ၂၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သား နှစ်ဦးသည် လုံခြုံရေးတာဝန်ခံအရာရှိ၏ တာဝန်ပေးချက်အရ နှောင့်ယှက်ခံရသည့် လူငယ်(၄)ဦးကို ကူညီလိုက်ပါပို့ ဆောင်စဉ် လူ(၈)ဦးက လုံးထွေးထိုးကြိတ်ပြီး သေနတ်လုယူရာမှ မတော်တဆကျည်ပေါက် ထွက်ပြီးမောင်ဂွမ်ဆိုင်းအောင် ထိမှန်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ် လုံခြုံရေး အဖွဲ့ထံသို့ ဇွန် ၂၀ ရက် ည ၉ နာရီခန့်က ၀ိုင်းမော်ဘက်မှ ပြန်လာသော မြစ်ကြီးနားမြို့နေ မောင်ဝင်းမျိုးသန့်၊ မောင်ဆီဆာရဲ၊ မနန်းလေးဝါးနှင့် မနွေးစန္ဒီဇော်တို့ (၄)ဦးရောက်ရှိလာပြီး အမည်စိစစ်ဆဲ လူ(၈)ဦးက ၎င်းတို့ဆိုင်ကယ်အား လုယူရန်နှောင့်ယှက်ခံရကြောင်း ပြောဆို၍ အကူအညီတောင်းခံခဲ့ကြောင်း၊ တံတားလုံခြုံရေးတာဝန်ခံအရာရှိ၏ တာဝန်ပေးချက်အရ ဒုတိယတပ်ကြပ် နန်ဟီးခင်တန်နှင့် တပ်သားမောင်မောင်တို့က ၎င်းလူငယ်များကို သီတာရပ်ကွက်အနီးရှိ ဓာတ်ဆီဆိုင်အထိ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ ဆောင်ခဲ့ကြောင်း၊ စစ်သည်နှစ်ဦး ဆိုင်ကယ်နှင့်ပြန်လည်ထွက်ခွာလာစဉ် လူငယ်(၄)ဦးအား နှောင့်ယှက် ခဲ့သည့် လူ(၈)ဦးကစောင့်ဆိုင်း၍ လုံးထွေးထိုးကြိတ်ပြီး တပ်သားမောင်မောင်ထံမှ သေနတ်လု ယူစဉ် မတော်တဆကျည်ပေါက်ထွက်၍ မောင်ဂွမ်ဆိုင်းအောင်ဆိုသူမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ကျန်လူများ ထွက်ပြေးသွားခဲ့ကြောင်း။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၂၂ ရက်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ဘေးပယောဂများကြောင့် မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပွားစေရန် ဖြစ်စဉ်မှန်အား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် သေဆုံးခဲ့သူ မောင်ဂွမ်ဆိုင်းအောင်သည် ၂၀၁၃ ခုနှစ် အုပ်စုဖွဲ့ လုယက်မှု ပြစ်ချက်ဟောင်း ဖြစ်စဉ်မှတ်တမ်းတွင်ပါဝင်သူဟုသိရှိရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်တွေ့ရှိမှု အပေါ် တပ်မတော်ကလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိ သည်။

No comments:

Post a Comment