Friday, June 24, 2016

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်အရ မြေငှားဂရန်များထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး


ကြာအင်းဆိပ်ကြီး ဇွန် ၂၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်အရ မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နှင့် မြို့နယ်မြေငှားဂရန် ထုတ်ပေးရေးအဖွဲ့တို့သည် အမှတ် ၎
ရပ်ကွက်နှင့် အမှတ် ၉ ရပ်ကွက်များသို့ ဇွန် ၁၈ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကြားအင်းဆိပ်ကြီးမြို့ အမှတ် ၄ ရပ်ကွက်တွင် မြေငှားဂရန်လျှောက်ထားသူပေါင်း ၉၃ ဦး၊ အမှတ် ၅ ရပ်ကွက်တွင် မြေငှားဂရမ်လျှောက်ထားသူပေါင်း ၁၁၆ ဦး စုစုပေါင်း ၂ဝ၉ ဦး ဖြစ်ပြီး မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် လျှောက်ထားသူများအား စိစစ်ခြင်း၊ လျှောက်ထားမြေများ လမ်းနယ်နိမိတ်နှင့် လွတ်ကင်းမှုရှိ-မရှိ တိုင်းတာခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment