Friday, June 24, 2016

မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များဆွေးနွေး

နေပြည်တော် ဇွန် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် JICA Myanmar Office ၏ Chief Representative ဖြစ်သူ Mr. Keiichiro Nakazaw နှင့်အဖွဲ့အားလည်းကောင်း၊ Advanced Broadcast Solution (ABS) ၏ Director-CTO ဖြစ်သူ Mr. Dennis Breckenridge နှင့်အဖွဲ့အား လည်းကောင်း၊ MAZE Co.,Ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဦးလွင်မိုးနှင့်အဖွဲ့အားလည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန၌ သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးသည် JICA Myanmar Office ၏ Chief Representative နှင့်တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် JICA တို့ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Capacity Development Project နှင့်ပတ်သက်၍ လည်းကောင်း၊ Advanced Broadcast Solution (ABS) ၏ Director-CTOနှင့် တွေ့ဆုံစဉ် ရုပ်သံ ထုတ်လွှင့်ရေးဆိုင်ရာ နည်းပညာများမြှင့်တင်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များအား လည်းကောင်း၊ MAZE Co., Ltd ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် (၂)နှစ် အတွင်း ရုပ်ရှင်ရုံ(၁၀၀)တည်ဆောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:

Post a Comment