Thursday, June 30, 2016

မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး တိုင်းဒေသကြီးပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်  ဇွန်  ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေး ဆောင်ရွက်နေသောလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်းစဉ်အရ ပြည်နယ်နှင့်တိုင်းအသီးသီးမှ လုပ်ငန်းဖြစ်မြောက် ရေး လူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ် လုပ်ငန်း အဖွဲ့ဝင်များ၊ UN Joint Team မှတာဝန် ခံများ၊
ပြည်တွင်း အကြံပေးအဖွဲ့များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
လူငယ်များကိုမှန်ကန်သည့် လမ်းကြောင်းပေါ်သို့ရောက်ရှိစေပြီးနိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လူငယ်များ၏လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲနိုင်ရေး အကောင်အထည်ဖေါ်ဆောင် ရွက်ရာတွင် မူဝါဒရေးဆွဲရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များဖွဲ့စည်း ထားရှိပါကြောင်း၊ ကော်မတီများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေး ယခုလဒုတိယပတ်ကမုံရွာမြို့တွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာလူငယ်များ တွေ့ဆုံပွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များအနေဖြင့် မူဝါဒရေးဆွဲရာတွင် လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲဖို့နှင့် လူငယ်များအကြား ဖြစ်ပေါ်နေသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပြီး အရည်အသွေးပြည့်ဝသည့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး အကြေအလည်ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အနာဂါတ်မျိုးဆက်သစ် လူငယ်များအတွက် မြန်မာနိုင်ငံလူငယ်မူဝါဒ ပေါ်ထွန်းလာရေး တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှလည်း လူငယ်များ၏ ဆန္ဒအတိုင်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကိုဆွေးနွေးပေး ရန် ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ် လူငယ်ကိုယ်စားလှယ်များမှ (၃) လတာ ကာလအတွင်း လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် အခက်အခဲ များအားရှင်းလင်း ဆွေးနွေးခဲ့ ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UN Joint Team မှ ပံ့ပိုးကူညီဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

No comments:

Post a Comment