Thursday, June 30, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနတို့အား ကြည့်ရှုစစ်ဆေး


ရန်ကုန် - ဇွန်  ၃၀
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ယနေ့ နံနက် (၈) နာရီခွဲတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ Command and Control Center သို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းစဉ်များ၊ ရန်ကုန်မြို့တော် မီးငြှိမ်းသတ်ရေးစနစ် (Standard Operation Procedure-SOP) တို့နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လေဆိပ်လုံခြုံရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ထို့နောက် စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager-FSM) သင်တန်းဖွင့်လှစ် ပို့ချနေမှု၊ ပြည်သူလူထု မီးဘေးလုံခြုံရေး အသိပညာပေး ပြခန်းများနှင့် အဆောက်အဦများတွင် တပ်ဆင်ထားရမည့် မီးဘေး ကြိုတင်ကာကွယ်ရေး ပစ္စည်းကိရိယာများ လက်တွေ့သရုပ်ပြသမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။  

No comments:

Post a Comment