Thursday, June 30, 2016

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း အီတလီ သံအမတ်ကြီး H.E. Mr. Pier Giorglo ALIBERTI နှင့် တွေ့ဆုံ


နေပြည်တော် ဇွန် ၃၀
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် အီတလီ သံအမတ်ကြီး H.E.Mr.Pier Giorglo ALIBERTI အား ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပြုပြင်ပြောင်းလဲရေး၊ ရှေးဟောင်းပစ္စည်းများ မွမ်းမံထိန်းသိမ်းရေး၊ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံရာ၌ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment