Wednesday, June 29, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် အား တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၉
အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် ယဉ်ကျေးမှု ကိုးကွယ်သည့်ဘာသာ၊ မျိုးနွယ်ချင်း တူညီကြသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကောင်းဆုံး အခြေအနေမှာ တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်(၁၁)နာရီခွဲတွင် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်)၀ုန်ဆူဝန် ဦးဆောင်သောအဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ တစ်မတော်နှစ်ရပ်ကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြားဆောင်ရွက်နေသည့် TBC၊ RBC နှင့် HLC အစည်းအဝေးဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များ၊ အကြမ်း ဖက်မှုတားဆီး ကာကွယ်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ဖြန့်ဖြူးမှု များကို တူညီသောခြိမ်းခြောက်မှုတစ်ခုအဖြစ် ထိထိရောက်ရောက် တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်နိမိတ်ကိစ္စရပ်များ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြစ်စေရေးအတွက် အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံပူးပေါင်းသစ်ပင် စိုက်ပျိုးရေးအား ဒေသတွင်းစံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင် ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများအား ထိုင်းနိုင်ငံ၏ ဥပဒေများ နှင့်အညီ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် Hံ နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံပြီး နယ်စပ်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ဒုက္ခသည်များ အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment