Thursday, October 7, 2021
Wednesday, October 6, 2021
GAVI COVAX Facility မှ ကျန်းမာရေးဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း
ရက်စွဲ။ ၅-၁၀-၂၀၂၁
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား/သေ ဆုံးမှုကို လျှော့ချရန်၊ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိ ခိုက်မှုကိုလျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
Monday, October 4, 2021
Notification No 35/2021
Republic
of the Union of Myanmar
1. The Central Bank of Myanmar exercises the authority in sub-section (b) of Section 49 of the Foreign Exchange Management Law to issue this notification.
Monday, September 27, 2021
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)
၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့် တပေါင်း တစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန့်မာလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။
Saturday, September 25, 2021
Friday, September 24, 2021
Thursday, September 23, 2021
Saturday, September 11, 2021
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်)ယာယီနေထိုင်ခွင့်ပေးထားသည့် အဆောက်အဦများနှင့် စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ ယင်းက ဖွဲ့စည်းထားသော NUG၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင် လျက်ရှိရာ ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Friday, September 10, 2021
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်)
Thursday, September 9, 2021
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီနေထိုင်ခွင့်ပေးထားသည့် အဆောက်အဦများနှင့် စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Thursday, September 2, 2021
Wednesday, September 1, 2021
အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းပေး သူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်
နေပြည်တော်၊ ဩဂုတ် ၃၁
၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ယင်းကအမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အားထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိပါသည်။





