Thursday, June 30, 2016

ယနေ့ ယူရို ၅၁ ဒသမ ၁၃ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ရောင်းချရ


နေပြည်တော် ဇွန် ၃၀
၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့ ကျောက်စိမ်းအတွဲ ၆၈၄ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ပြပွဲရက်များတွင် ပုလဲရောင်းချမှုအားဖြင့် ယူရို ၃ ဒသမ ၁၂ သန်း၊ ကျောက်မျက်ရောင်းချရမှုအားဖြင့် ၃ ဒသမ ၂၉ သန်း၊ ကျောက်မျက် ရောင်းချရမှု အားဖြင့် ၃ ဒသမ ၂၉ သန်းရှိကြောင်းသိရပြီး ဇွန်လ ၂၈ ရက်မှစ၍ ကျောက်စိမ်းအတွဲ များကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချလျက်ရှိရာ ယနေ့အထိ ယူရို ၁၅၇ ဒသမ ၄၇ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲများ ရောင်းချခဲ့ရကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်း ရတနာကုန်သည်များအပြင် ပြည်ပရတနာကုန်သည်များလည်း လာရောက်ကြောင်း သိရပြီး တရုတ်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ သြစတြီးယားနှင့် အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ ရတနာကုန်သည်များ လာရောက်ကြောင်း သိရသည်။

ထိုသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့  နှစ်စဉ်မပျက်မကွက် တက်ရောက်သည့် ပြည်ပရတနာကုန်သည်များကို ပြပွဲရက်အတွင်း ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့် လေ့ရှိရာ ယခု ၅၃ ကြိမ်မြောက် ရတနာပြပွဲထိ ၄၅ ကြိမ်၊ ၃၅ ကြိမ်၊ ၂၅ ကြိမ်နှင့် အကြိမ် ၂၀ အထိ ဆက်တိုက် တက်ရောက်ခဲ့သည့် ပြည်ပရတနာကုန်သည် စုစုပေါင်း ၅ ဦး အား ယမန်နေ့က ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။

No comments:

Post a Comment