Thursday, June 23, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့တရားဝင်ခရီး ထွက်ခွာ


ရန်ကုန် ဇွန်  ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ  ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ရန် ယနေ့နံနက် ၉ နာရီမိနစ် ၅၀တွင် ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ တော်ဝန် မောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ် ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ သွားကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းတက္ကသိုလ်အသီးသီးမှ ကျောင်းသား/ ကျောင်းသူများနှင့် Assumption University ရှိ မြန်မာဆရာ၊ဆရာမများ ကျောင်းသား ကျောင်းသူများတွေ့ ဆုံသွားမည်ဟု သိရှိရ သည်။ 

No comments:

Post a Comment