THE Philippines has donated a single-storey reinforced concrete (RC) religious building and nine prefabricated school buildings to support reconstruction efforts following the Mandalay earthquake.
THE Philippines has donated a single-storey reinforced concrete (RC) religious building and nine prefabricated school buildings to support reconstruction efforts following the Mandalay earthquake.
UNION Minister for Electricity and Energy U Ko Ko Lwin met the Belarusian Energy Minister yesterday afternoon to discuss the implementation of the bilateral roadmap for cooperation in the electric power and energy sectors.
PYITHU Hluttaw Speaker U Khin Yi met teachers and students from No 1 and 2 Basic Education High Schools, Kayan Township, Yangon Region, who visited the Hluttaw, at the Hluttaw building in Nay Pyi Taw yesterday afternoon.
U TIN MAUNG SWE, Union Minister for Foreign Affairs, received Ms Ma Theresa P Lazaro, Special Envoy of the 2026 ASEAN Chair on Myanmar, Secretary of Foreign Affairs of the Philippines, who is currently visiting Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 29 October 2026.
The ceremony to present certificates of honour and host a dinner for the 27th Traditional Myanmar Cultural Performing Arts Competition was held at Myanmar International Convention Centre I (MICC I) in Nay Pyi Taw yesterday evening, attended by President U Min Aung Hlaing of the Republic of the Union of Myanmar.
Every country is striving to protect and advance its own national interests amid today’s global political landscape, said President of the Republic of the Union of Myanmar U Min Aung Hlaing at the awarding of the 27th Traditional Myanmar Cultural Performing Arts Competition at the Myanmar International Convention Centre I (MICC I) in Nay Pyi Taw yesterday morning.
DAW WIN PA PA THU, Commercial Attaché of the Myanmar Embassy in Seoul, attended the G20 Global Financial Stability Conference 2026, according to the Ministry of Foreign Affairs.
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ် ရေးနည်းပညာဝန်ဆောင်မှုများ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လေ့လာနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
ထို့နောက် တပ်မတော်(ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။
ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မှော်ဘီမြို့နယ်ရှိမြို့နယ် အားကစားကွင်းနှင့် တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူအားကစားကွင်း/အားကစားရုံတို့ကို ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
နေပြည်တော် အောက်တိုဘာ ၂၉
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် အောက်တိုဘာ ၂၉
သင်တန်းဆင်းမောင်မယ်များအနေဖြင့် တာဝန်ကျရာ ဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၈)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲတွင် သင်တန်းဆင်းလူငယ်များကို မှာကြားသည်။
နေပြည်တော် အောက်တိုဘာ ၂၉
မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက AHA Centre မှ တစ်ဆင့် အသင့်တပ်ဆင်စာသင်ကျောင်းဆောင် (Prefabricated School) ကိုးဆောင်နှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ အလျားပေ ၅၀၊ အနံ ပေ ၃၀ အကျယ်အဝန်းရှိ RC တစ်ထပ် သာသနိကအဆောက်အအုံ တစ်လုံးတို့ကို လှူဒါန်းခဲ့ရာ အဆိုပါ သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကိုးခမ်းကြီးဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံ၌ ကျင်းပသည်။
နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာထရက်ဆာပရဲညိုလာဇာရိုအား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
နေပြည်တော် အောက်တိုဘာ ၂၉
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် နှစ်နိုင်ငံ ရေးထိုးထားသည့် Roadmap ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။