Tuesday, May 22, 2018

အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





နေပြည်တော် မေ ၂၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (၂၀၁၈-၂၀၁၉) ပညာသင်နှစ် ပညာရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့် အမှာ စကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne မှ လာရောက်တွေ့ဆုံ




နေပြည်တော် မေ ၂၂ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 5th India- CLMV Business Conclave 2018 သို့ တက်ရောက်




နေပြည်တော် မေ ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် အဆင့်မြင့် အရာ ရှိများ၊ ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေး ကိုယ်စားလှယ်များသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ မေ ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပသည့် 5th India- CLMV Business Conclave 2018 သို့ တက်ရောက်ခဲ့သည်။ Business Conclave 2018 ၏ ဖွင့်ပွဲ အခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံနှင့် CLMV နိုင်ငံများမှ စီးပွားရေး ဆိုင်ရာ ဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း အမှာစကား ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ



 နေပြည်တော် မေ ၂၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ဦးတင်မောင်မြင့်က ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကတိ သစ္စာပြုသည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှု ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့တင်သွင်းသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ၊ ဒုတိယ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ၊ ဒုတိယ ဥက္ကဋ္ဌ၊ H.E. Mr. Wang Zhengwei (မစ္စတာ ဝမ်ကျန့်ဝေ) အား ယနေ့ နံနက် ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ




နေပြည်တော် မေ ၂၂

 
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်၊ Mr. Sun Guoxiang(မစ္စတာ စွန်းကော်ရှန်း) အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

President U Win Myint receives CPPCC Vice Chairman Mr. Wang Zhengwei





President U Win Myint received Vice Chairman of the Chinese People’s Political Consultative Conference (CPPCC) Mr. Wang Zhengwei and party at the Presidential Palace, yesterday morning.