Thursday, June 30, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော် - ဇွန်လ ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Nicolas Coppel အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကူညီထောက်ပံ့မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေး၊   လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားအလတ်စား လုပ်ငန်းများတွင် ကြုံတွေ့ နေရသည့် အခက်အခဲများအတွက် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အစိုးရအချင်း ချင်းသာမက နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအကြား ကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။

No comments:

Post a Comment