Tuesday, June 28, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် ဘင်းမ် စတက်မှ အတွင်းရေးမှူးချုပ် မစ္စတာဆူမစ် နာကန်ဒလာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၃)နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်စတက်၏ဒေသအတွင်း လွတ်လပ်သောကုန်သွယ် မှုဧရိယာ ထူထောင်နိုင်ရေး၊ အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ရေး လမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးတိုး တက်ရေးနှင့် ဘင်းမ်စတက်ဒေသ အတွင်း မြန်မာနိုင်ငံ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်တင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတက် ရောက်ကြသည်။

No comments:

Post a Comment