Tuesday, June 28, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူး ဇီလန်နိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများ ပေးအပ်



နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယူဂျယ်ဂျောင်း သည် ယနေ့နံနက်(၁၀)နာရီတွင်လည်းကောင်း၊ နယူးဇီလန်နိုင်ငံ သံ အမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ စတီဖင် မာရှယ်သည် ယနေ့နံနက် (၁၀)နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌   ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။        


အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။


No comments:

Post a Comment