Wednesday, June 29, 2016

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်နိုင်မည့်အခြေအနေများ ဆွေးနွေး


နေပြည်တော် ဇွန် ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် နိုင်ငံသံအမတ်ကြီး မစ္စတာစတီ ဖင်မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင် ရွက်မှုမြှင့်တင်နိုင်မည့် အခြေအနေများ၊ စိုက်ပျိုးရေး၊မွေးမြူရေး လုပ် ငန်း၊ အစား အသောက်လုံခြုံမှုဆိုင်ရာများ၊ တိရစ္ဆာန်ဆေးကုသမှု ဆိုင်ရာများနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် လုပ်ဆောင်နိုင် မှုအခြေအနေများကို ဆွေးနွေးကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေ ၃ နာရီခွဲတွင် အဆိုပါခန်းမဆောင်၌ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာယူဂျယ်ဂျောင်းအား လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များအပါအဝင် ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်လုပ်ဆောင်နိုင်မှု အခြေအနေ များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည့် အခွင့်အလမ်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment