Saturday, June 25, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးညီလာခံတက်ရောက်

နေပြည်တော် ဇွန် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဆွစ်ဇာလန်နိုင်ငံ Winterthur မြို့တွင် ဇွန်၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့်‌ သက်မွေးပညာ၊ ကျွမ်းကျင် မှုနှင့်‌ လေ့ကျင့်ရေးညီလာခံသို့ တက်ရောက်ခဲ့သည်။

ညီလာခံကို ကမ္ဘာတစ်ဝန်းနည်းပညာနှင့်‌ သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့်‌ လေ့ကျင့်ရေးကဏ္ဍအား အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများအား လေ့လာသိရှိနိုင်ရန်နှင့်‌ မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၇၈) နိုင်ငံမှ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊  သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နည်းပညာနှင့်‌ သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့်‌ လေ့ကျင့်ရေးကဏ္ဍ ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်‌ စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် Vaud ပြည်နယ် ပညာရေးဝန်ကြီးနှင့်‌တွေ့ဆုံ၍ ဆွစ်ဇာလန်နိုင်ငံ၏ ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုများ၊ ပညာရေး ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များနှင့်‌ စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်‌။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း Lucerne မြို့ရှိ Shindler Company နှင့်‌ Montreux မြို့ရှိ ဟိုတယ်သင်တန်း ကျောင်းများသို့ သွားရောက်၍ လုပ်ငန်းခွင်အခြေပြု နည်းပညာနှင့်‌သက်မွေး ပညာရေးနှင့်‌ လေ့ကျင့်ရေး ဆောင်ရွက်နေမှု များအား သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment