ရန်ကုန်-မတ်-၃၁
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့်
Zeya & Associates ကုမ္ပဏီတို့အကြား ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ နေရာတွင် ဆောင်ရွက်မည့် waste
To Energy စီမံကိန်း လုပ်ငန်းအတွက် တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းခြင်း သဘောတူညီမှု
စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန် မြို့တော်
စည်ပင် သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ကျင်းပသည်။