Monday, March 31, 2014

Waste To Energy စီမံကိန်း လုပ်ငန်း အတွက် စာချုပ်ချုပ်ဆို



ရန်ကုန်-မတ်-၃၁
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် Zeya & Associates ကုမ္ပဏီတို့အကြား ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ နေရာတွင် ဆောင်ရွက်မည့် waste To Energy စီမံကိန်း လုပ်ငန်းအတွက် တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းခြင်း သဘောတူညီမှု စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ကျင်းပသည်။




အခမ်း အနားတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် (၂၀၁၂)ခုနှစ် ဒီဇင်ဘာ လပိုင်းမှ စတင်၍ ရန်ကုန်မြို့၏ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ နှစ်ခုဖြစ်သော လှိုင်သာယာ မြို့နယ် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတို့မှ စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာ ထိန်ပင် နောက်ဆုံး စွန့်ပစ် အမှိုက်ပုံမှ မီသိန်း ဓာတ်ငွေ့ထုတ်ယူပြီး Generator ဖြင့်လျှပ်စစ် စွမ်းအင် ထုတ်ယူခြင်းနှင့် ဆိုလာစနစ်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူခြင်း လုပ်ငန်း၏ BOT သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထားဝယ် ချောင်နောက် ဆုံးစွန့်ပစ် အမှိုက်ပုံ နေရာတွင် ဆောင်ရွက်မည့် Incineration Plant အမှိုက်မီးရှို့ စက်တည်ဆောက် ပြီး လျှပ်စစ် စွမ်းအင် ထုတ်ယူမည့် လုပ်ငန်းကိုလည်း အောင်မြင်စွာ လည်ပတ် ဆောင်ရွက် နိုင်သည် အထိ ပူးပေါင်း ဆောင်ရွက် ကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦးနှင့် Zeya & Associates ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇေယျ သူရမွန်တို့က တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းခြင်း (BOT)သဘော တူညီမှု စာချုပ်ကို လက်မှတ် ရေးထိုး လဲလှယ် ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment