Monday, March 31, 2014

တနင်္သာရီမြို့နယ်တွင်၂၀၁၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

တနင်္သာရီမြို့-မတ်(၃၀)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၂၀၁၄-ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစတင်ခြင်းကို မတ်လ(၃၀)ရက်နေ့ နံနက်(၆)နာရီအချိန်တွင်ချောင်းကြီးရပ်ကွက်


ကွပ်ကဲရေးရုံး၌ လည်းကောင်း၊ နံနက်(၆း၃၀)အချိန်တွင် ချောင်းငယ်ရပ်ကွက် ကွပ်ကဲရေးရုံး၌ လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယုံဘီးနှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး တနင်္သာရီ မြို့နယ်(လ၀က) ဦးစီးအရာရှိ ဦးဝင်းကိုစိုးတို့က စာရင်းကောက်၊ စာရင်းစစ် ဆရာ/မများနှင့်ရပ်ကွက်အထောက် အကူပြုအဖွဲ့ဝင်များအား ဆရာ/မများ သည် သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းများတက်ရောက်ခဲ့ပြီး ၊လက်တွေ့ ကွင်းဆင်းစမ်းသပ်ကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်၍ ယုံကြည်စိတ်ချပါကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်အားထည့်ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

ထို့နောက် နံနက်(၇)နာရီတိတိအချိန်တွင် စတင်၍ မိမိတို့တာဝန်ကျရာ ကောက်ကွက်များတွင်စာရင်း ကောက်ယူကြရာ အထောက်အကူပြုအဖွဲ့ဝင်များ လိုက်ပါကူညီလျက်ရှိကြသည်။ တနင်္သာရီမြို့ပေါ်ရပ်ကွက်(၂) ကွက်ဖြစ်သော ချောင်းကြီး ရပ်ကွက်တွင် ကောက်ကွက်(၄)ကွက်၊ ချောင်းငယ်ရပ်ကွက်တွင် ကောက်ကွက် (၃)ရှိပြီး တစ်မြို့နယ်လုံးတွင် စာရင်းကောက်ကွက်ပေါင်း(၁၅၅)ကွက်ရှိပြီး ယနေ့ မတ်လ(၃၀)ရက်နေ့ နံနက်(၇) နာရီအချိန်မှစတင်လျက် စာရင်းများကို တပြိုင်တည်း ကောက်ယူလျက်ရကြကြောင်း သိရှိရသည်။

No comments:

Post a Comment