Saturday, March 29, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၅ ဒသမ ၇ဘီလီယံလျာထား

နေပြည်တော်  မတ်  ၂၈ 
နေပြည်တော် မတ် ၂၈ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးစခန်းများ၌ တာဝန်ထမ်းဆောင်မည့် စခန်းတာဝန်ခံများအား မတ် ၂၈ ရက် ညနေပိုင်းတွင် ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၃ ခုနှစ် ဧပြီ ရက်မှယနေ့အချိန်ထိ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၀၅၈ ဘီလီယံ ရရှိထားပြီးဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏလျာထားချက် အမေရိကန် ဒေါ်လာ ၂၅ ဒသမ ဘီလီယံ လျာ ထားသဖြင့် ပင်လယ်ရေကြောင်းနှင့်
နယ်စပ်ကုန်သွယ်မှုများမှ လျာထားသည့် ကုန်သွယ်မှုပမာဏရရှိအောင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တရား ဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိ စေရေးအတွက် Mobile Team  အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု များအပေါ် ကျေနပ်အားရမှု ရှိပါကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူလူထုကို ယဉ် ကျေးပျူငှာစွာ ဆက်ဆံပြီး ဝန်ဆောင်မှု အကောင်းဆုံးနှင့် အလျင်မြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးရန်၊ နယ် စပ်ဒေသများတွင် တာဝန်ထမ်းဆောင်ရာ၌ ဥပဒေလုပ်ထုံးလုပ်နည်းများကို ပွင့်လင်းမြင်သာစွာချပြ အသိပေးပြီး စိတ်ချမ်းသာမှု ရရှိအောင်ဆောင်ရွက်ပေးရန်နှင့် ကျန်းမာရေး၊ လုံခြုံရေးကိစ္စများကို အထူးဂရုပြု ကြရန် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအရ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ကုန်သည် လုပ်ငန်းရှင်များအပေါ် ဖြေလျှော့မှုများစွာ ပြုလုပ်ပေးခဲ့ခြင်း၊ ကုန်သွယ်မှုပမာဏလျာထားချက်နှင့် လုပ်ငန်း စီမံချက်များအရ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စိန်ခေါ်မှုများပိုမို များပြားလာမည်ဖြစ်သဖြင့် ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment