Friday, March 28, 2014

မြိတ်မြို့၌ ထိုင်း - မြန်မာ နယ်စပ်ဒေသ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ရေလုပ်ငန်းရှင်များ ကုန်သွယ်မှုလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

မြိတ် မတ် ၂၇ ရက်
မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံပရကျွတ်ခီရီခန်ခရိုင် ကုန်သည် များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ


ကို မြိတ်မြို့၊ အောက်ရေပုန်း ရပ်ကွက်ရှိ Pearl Laguage Hotel, Myeik ၌ ယနေ့နံနက်(၉း၂၀)နာရီတွင်ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်စား မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးမြင့်ဆွေမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ထိုင်းနိုင်ငံ ပရကျွတ်ခီရီခန်ခရိုင် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် အဖွင့်မိတ်ခွန်း ပြောကြားသည်။
ထိုနောက် မောတောင်နယ်စပ်ဖြတ်ကျော်၍ နှစ်နိုင်ငံကုန်သွယ်မှုများပြုလုပ်ရာ၌ ကုန်စည်စီးဆင်းမှု မြန်ဆန် ရေး၊ ကုန်သွယ်မှုတိုးတက်ရေးတို့အတွက် မြိတ်ခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးလှသန်းနှင့် ပရကျွတ်ခီရီခန်ခရိုင် ကုန်စည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ မစ္စတာ စုရအတ်တို့မှ အသီးသီး ညှိနှိုင်းဆွေးနွေးကြသည်။
ထိုနောက်အပြန်အလှန်လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တက်ရောက်လာကြသော စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များက ကုန်သွယ်မှုများနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အခမ်းအနား သို့ ဌာနဆိုင်ရာများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များ၊ ကုန်သည်များ စုစုပေါင်း (၁၅၀)ဦးခန့်တက် ရောက်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment