Wednesday, March 26, 2014

တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာမှ သေဆုံး ဒဏ်ရာရမှု ဖြစ်ပွား

မြိတ် မတ် ၂၆ ရက်
တနင်္သာရီမြို့နယ် တကူကျေးရွာအနောက်တောင်ဘက်(၄)မိုင်ခန့်အကွာ မတ်လ(၂၅)ရက် နေ့လယ်(၂) နာရီခန့်တွင် ကျောက်မိုင်ခွဲရာမှ ကျောက်မိုင်းကွဲစဉ် သေဆုံး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စိန်ငါးမန်း ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေးလုပ်ငန်းကုပ္မဏီ၏ လေသာတောင်လုပ် ကွက်၌ သတ္တုတူးဖော်ရန်အတွက် မိုင်းကျွမ်းကျင်ပညာရှင်များဖြစ်သော Mr.JIANG BAOLIN နှင့် Mr.HUANG JINMING တို့သည် အရှည်(၅၀)ပေ၊ အမြင့်(၆)ပေ၊ အကျယ်(၄)ပေရှိ လှိုင်ခေါင်းအတွင်းဝင်ရောက်၍ ကျောက်မိုင်း(၁၀)လုံးခွဲရန် ပြင်ဆင်ခဲ့ပြီး ကျောက်မိုင်းခွဲရာ (၉)လုံးမြောက် ကျောက်မိုင်းကွဲစဉ် သေဆုံး ဒဏ်ရာရ မှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ Mr.JIANG BAOLIN ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မျက်လုံးနှစ်လုံးအထဲချိုင့်ဝင်၊ နှာခေါင်း နုတ်ခမ်းစုတ်ပြဲဒဏ်ရာ ဦးခေါင်းယာဘက်စုတ်ပြဲဒဏ်ရာ ယာဘက်ရင်ဘတ်ပေါက်ပြဲဒဏ်ရာ၊လက်နှစ်ဘက်ပွန်းပဲ ဒဏ်ရာများရရှိခဲ့ပြီး သေဆုံခဲ့သည်။ ဒဏ်ရာရရှိသော Mr.HUANG JINMING မှာ မျက်နှာ၊ လက်၊ ခြေထောက် တို့တွင် စုတ်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment