Thursday, March 27, 2014

နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပေးထားသော မြန်မာနိုင်ငံတော်အလံကို ဧ၀ရက် တောင်ထိပ်တွင် လွှင့်ထူမှတ်တမ်းတင်ရန် ကြိုးပမ်းမည်


နိုင်ငံသား တောင်တက်သမား ငါးဦးသည် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်သို့ တက်ရောက်ကာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပေးထားသော မြန်မာနိုင်ငံတော်အလံ ကို လွှင့်ထူမှတ်တမ်းတင်နိုင် ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့ ဧ၀ရက် တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို လွှင့်ထူ မှတ်တမ်းတင်လိုပါတယ်။ တောင်တက်သမားတွေရဲ့ အကြီးမား ဆုံး စိတ်ဆန္ဒက ပေနှစ်သောင်းကျော် မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကြီးကို အောင်မြင်စွာ တက်ရောက်နိုင်ဖို့ ဖြစ် ပါတယ်။ လိုအပ်တဲ့ လေ့ကျင့်မှုတွေ အားလုံးလုပ်ဆောင်ပြီးပြီမို့ ကျွန်တော် တို့ငါးယောက် အဆင်သင့်ဖြစ်နေပါ ပြီ။ သမ္မတကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးတို့က အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့လို့ အလွန်ဝမ်းသာပြီး တောင်တက်သမား တွေအတွက် အင်အားတစ်ခုဖြစ်စေ ပါတယ်”ဟု ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်သို့တက်ရောက်မည့် တောင် တက်သမားတစ်ဦးဖြစ်သူ ကချင် ပြည်နယ်မြောက်ဖျားစွန်းရှိ တဟွန် ဒန်းရွာသား ဦးနမားဂျွန်ဆင်က ပြော ကြားသည်။
မြန်မာလူမျိုး အဖွဲ့ဝင်များမှာ ဦးနမားဂျွန်ဆင်၊ ဦးကီးယိုဒွေး၊ ဦးရဲ မင်းသူ၊ ဦးစိုင်းကျော်ဝဏ္ဏစိုးနှင့် ဦးစိုင်းကျော်သူထွေးတို့ ဖြစ်ကြပြီး တောင်တက်အတွေ့အကြုံများစွာ ရယူထားပြီးဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာအတွင်းကလည်း အမြင့်ပေ ထောင်ပေါင်းများစွာကို စနစ်တကျ လေ့ကျင့်မှုများ ပြုလုပ် ထားပြီးဖြစ်ကြောင်းသိရှိရသည်။ “ ဧ၀ရက်တောင်က နီပေါနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်အကြားမှာ ရှိပါတယ်။ နီပေါနိုင်ငံဆိုရင် အီကို တိုးရစ်ဇင်လုပ်ငန်းမှာ ကမ္ဘာ့ပေါ်မှာ အဖွံ့ဖြိုးဆုံးလို့ ပြောရင်ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ ခါကာဘိုရာဇီလို တောင်တွေရှိနေပါတယ်။ တောင် တက်ခရီးသွားလုပ်ငန်းသာ ဖွံ့ဖြိုး လာမယ်ဆိုရင် မြန်မာနိုင်ငံကို ကမ္ဘာကပိုသိပြီး ခရီးသွားတွေပိုမို ဝင်ရောက်လာနိုင်တာမို့ ကျွန်တော်တို့ တောင်တက်သမားတွေ ဧ၀ရက်ကို အောင်မြင်စွာ တက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရေခဲတောင်တွေကို လည်း ပိုပြီးသတိထားမိလာမယ်လို့ ခံယူပါတယ်။ အဲဒီအတွက် ပိုပြီးကြိုး စားလေ့ကျင့်ခဲ့ပါတယ်”ဟု တောင် တက်သမား ဦးရဲမင်းသူကပြောပြသည်။
ဧ၀ရက်တောင်ပေါ်တွင် မြန်မာ နိုင်ငံအလံကို လွှင့်ထူနိုင်ရန် တောင် တက်သမားငါးဦးအား စခန်းသွင်း လေ့ကျင့်ခြင်း၊ တောင်တက်အားကစား နည်းပြများ ငှားရမ်းခြင်းနှင့် ဟိမဝန္တာ တောင်တန်းများတွင် သွားရောက် လေ့ကျင့်ခြင်း၊ တောင်တက်ရာတွင် အသုံးပြုသည့် နည်းပညာများဖြည့် တင်းခြင်းအပါအဝင် ဧ၀ရက်တောင် တက်ခြင်းအစအဆုံးကို ထူးဖောင် ဒေးရှင်းအပါအဝင် ထူးကုမ္ပဏီ များမှ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်မှလည်း ဝိုင်းဝန်းကူညီကာ အကြံဥာဏ်ကောင်းများ ပေးအပ် မည်ဖြစ်ကြောင်းသိရသည်။
မကြာမီလအတွင်း စတင်တက် ရောက်ရန် လျာထားပြီး ရာသီဥတု အခြေအနေအရ အချိန်အတိအကျ မပြောနိုင်သေးသော်လည်း ယခုနှစ် လယ်ပိုင်းအတွင်း စတင်တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။
"ဧ၀ရက်တောင်ပေါ်ကို တက် ရောက်နိုင်ပြီး မိမိနိုင်ငံရဲ့ဂုဏ်ကို ဆောင်ပေးသူတွေ ကမ္ဘာမှာအများ ကြီးရှိပါတယ်။ ထို့အတူပဲ ဧ၀ရက် တောင်ပေါ်တက်ရင်းနဲ့ အသက်ပေး သွားရတဲ့ တောင်တက်သမားတွေ လည်း အများကြီးရှိနေပါပြီ။ ဒါပေမယ့် ဧ၀ရက်က ကျွန်တော်တို့ကို အမြဲတမ်းစိန်ခေါ်နေပါတယ်။ ကျွန်တော်တို့ငါးယောက်က ဧ၀ရက်ပေါ်မှာ သမ္မတကြီးပေးအပ်တဲ့ နိုင်ငံတော် အလံကို ကျိန်းသေပေါက် လွှင့်ထူနိုင်ဖို့ အသက်နဲ့ရင်းပြီး ကြိုးစားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်"ဟု မြန်မာ တောင်တက်သမား ဦးစိုင်းကျော်သူ ထွေးကပြောကြားသည်။
နှစ်သန်းပေါင်း ၇၀ ဝန်းကျင် သက်တမ်းရှိနေပြီး အာကာသမှ ကြည့်လျှင်ပင် အထင်အရှားမြင် တွေ့ နိုင်သော ပေပေါင်း ၂၉၀၂၉ ပေ မြင့်မားသည့် ရေခဲများဖုံးလွှမ်းရာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင် ထွတ်ပေါ်တွင် မြန်မာနိုင်ငံတော်အလံ လွှင့်ထူနိုင်ဖို့အရေး ၂၀၁၄ ခုနှစ် အတွင်း ပေါ်ထွက်လာတော့မည်ဖြစ် ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ပါ သည်။
(မြန်မာ့အလင်း)


No comments:

Post a Comment