Monday, March 31, 2014

ဂျပန်နိုင်ငံ ချီဘား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော် အမတ်များ နေပြည်တော် စိုက်ကွင်းများ လေ့လာ



နေပြည်တော် - မတ် - ၃၁
လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ဒုတိယ ဝန်ကြီး ဦးအုန်း သန်းနှင့် အတူ ဂျပန်နိုင်ငံ ချီဘား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Mr. Ishibashi  Kiyotaka ဦးဆောင်သော လွှတ်တော် အမတ်များ၊ ITOCHU  Corporation  Dole  International  Holding  Inc မှ လုပ်ငန်းရှင်များအဖွဲ့နှင့် ယနေ့နံနက် (၈)နာရီတွင်
 



အဆိုပါဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ တွေ့ဆုံပြီး လယ်ယာ ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ ဆန်စပါး၊ နာနတ်၊ သင်္ဘောနှင့် လယ်ယာ ထွက်ကုန် သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေး၊ ITOCHU  ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ဆန်စပါး၊ နာနတ်နှင့် သင်္ဘောသီး စိုက်ကွင်း များနှင့် စက်ရုံများ ထူထောင်ပြီး ဂျပန်နိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ရေး စီမံကိန်းနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဂျပန်လုပ်ငန်း ရှင်များ အဖွဲ့သည် နေပြည်တော် စက်စက်ယို ဆည်ရေ သောက် တောင်သူပညာပေး စိုက်ကွင်း ဧက(၉၀၀)သို့ သွားရောက် ကြပြီး သင်္ဘောသီး စိုက်ခင်း၊ နာနတ်သီးစိုက်ခင်း၊ ဟင်းသီးဟင်းရွက် သီးနှံများ ပျိုးထောင် ထားသော ပျိုးဥယျာဉ်၊ သခွားမွှေး စိုက်ခင်း၊ ငရုတ် စိုက်ခင်းနှင့်၊ ဘူး၊ ဖရုံ၊ ရွှေဖရုံ၊ ငရုတ်၊ သခွား၊ ကြက်ဟင်းခါး၊ ခရမ်းသီး၊ ဖရဲသီးစိုက်ခင်း၊ ကညွတ်စိုက်ခင်း၊ ကညွတ်ပျိုးခင်း၊ ရာသီသီးနှံ စိုက်ခင်းများနှင့် ဟင်းသီးဟင်းရွက် ပျိုးဥယျာဉ် တို့ကို လှည့်လည် ကြည့်ရှု လေ့လာကြ သည်။
ထို့အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင် အဖွဲ့သည် ယမန်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြို့နယ်ရှိ စက်မှု လယ်ယာမြေ ဧက(၁၀၀၀၀)အထူးဇုန် စိုက်ကွင်း၌ နွေစပါးများ အောင်မြင်နေမှု၊ ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်ရှိ တောင်သူ ပညာပေး ကြံစိုက်ကွင်း၊ အုတ်တွင်း မြို့နယ်ရှိ ခပေါင်း ဆည်ရေ သောက် စက်မှုလယ်ယာ ပုလဲသွယ်စပါး ဧက(၂၀၀၀) စိုက်ကွင်း၊ တောင်ငူမြို့နယ်ရှိ တောင်သူ ပညာပေး စံပြကြံစိုက်ခင်း၊ နေပြည်တော် ဟိုတယ်ဇုန် အနီးရှိ ပုလဲသွယ် မျိုးစေ့ ထုတ်စိုက်ကွင်း၊ ပိန်းဥနှင့် ကန်စွန်းဥ စိုက်ခင်းများသို့ လှည့်လည် ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment