Friday, March 28, 2014

(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲကျင်းပ

မြိတ် မတ် ၂၇ ရက်
(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား


ကို မတ်လ(၂၇)ရက် ည(၇)နာရီက မြိတ်မြို့ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပရာ ရှေးဦးစွာ ဗိုလ်လုပွဲကို သံယောဇဉ်အသင်းနှင့် MKY တို့ ယှဉ်ပြိုင်ကစားကြရာ သံယောဇဉ်အသင်းက အနိုင်ရရှိသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အတိုးတက်ဆုံး၊ အကောင်းဆုံး၊ အားကစားသမားများ၊ နှစ်သိမ့် ဆုရအသင်း၊ တတိယဆုရရှိသောအသင်းနှင့် ဒုတိယဆုရရှိသောအသင်းတို့အား ငွေသားဆုနှင့် ဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသော အသင်းအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment