Wednesday, March 26, 2014

ဖင်လန်နိုင်ငံ သမ္မတဟောင်း ဦးဆောင်သည့်အဖွဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး



မြစ်ကြီးနား မတ် ၂၆
ဖင်လန်နိုင်ငံ သမ္မတဟောင်း Mr.Martti Atisaari ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်(၉)နာရီတွင် ကချင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမ(၂)၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်းက ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအားလျှပ်စစ် ရရှိရေး၊  ကျောက်စိမ်းနှင့် သတ္တုတူးဖော်ခြင်း လုပ်ငန်းများတွင် ဖွဲ့စည်းပုံအရ သယံဇာတ ခွဲဝေသုံးစွဲမှုများနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နော်ေ၀၀န်ကြီးချုပ်ဟောင်း Ms.Brundtland က ပြည်နယ် အတွင်းရှိ IDP စခန်းများတွင် မိသားစုဝင်များအား ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်ထားရှိမှုနှင့် NGO၊ INGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု အခြေအနေ များကိုလည်းကောင်း အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။




အဆိုပါ ဖင်လန်နိုင်ငံသမ္မတဟောင်းနှင့် အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိကာ မန်ခိန် ရပ်ကွက် နှစ်ခြင်းခရစ်ယာန် အသင်းတော်ဝန်းရှိ IDP စခန်း၌ မိသားစုဝင်များ၏ နေထိုင်စားသောက် ရေးအခြေ အနေနှင့် လိုအပ်ချက်များကို မေးမြန်းကြပြီး ညနေ(၆)နာရီတွင် Palm Spring ဟိုတယ် အစည်းအဝေးခန်းမ၌ ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရနှင့် KIO အဖွဲ့တို့်အကြား ဆွေးနွေးလျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်မှု များအပေါ် ယင်းတို့၏ သဘောထားအမြင်နှင့် IDP စခန်းများရှိ မိသားစုများအား နေရပ်အသီးသီးသို့ ပြန်လှန်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက် များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment