Thursday, March 27, 2014

MoU ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော အလုပ်သမားများအရေး ဖြေရှင်းမှု အားနည်းနေဆဲ

မတ် ၂၁ ရက်က မဟာချိုင် ပန်းရန်လုပ်ငန်းခွင်သို့ MAT အဖွဲ့၏ စီမံမှုဖြင့် ခေတ္တပြောင်းရွှေ့ခံထားရ သည့် MoU အလုပ်သမား၂၂ ဦး အား တာဝန်ရှိသည့်ကုမ္ပဏီများက ကောင်း မွန်စွာ ဖြေရှင်းခြင်းပြုရမည့် အစား ကိုယ်စားလှယ်က မြန်မာ အလုပ်သမငယ်တစ်ဦးအား သောက် လက်စဘီယာဘူးဖြင့် ပစ်ပေါက်ခဲ့ ကြောင်း MATအဖွဲ့၏ မတ် ၂၄ ရက်က ပြောကြားချက်အရ သိရ သည်။

မတ် ၂၃ ရက် ထိုင်းနိုင်ငံစံတော် ချိန် ည ၁၀ နာရီက ထိုင်း MoU ကုမ္ပဏီပိုင်ရှင်အမျိုးသမီး၏ ကိုယ် စားလှယ်ဆိုသူ ရောက်ရှိလာပြီး အလုပ်သမားများအား အလုပ် ပြောင်းရွှေ့ရန်ပြောဆိုခဲ့ရာ အသက် ၂၇နှစ်အရွယ် အလုပ်သမငယ် တစ်ဦးက ယခင်အလုပ်လုပ်ထား သည့် ရက်၂၀ အတွက် လုပ်အားခ အား ရှင်းပေးပြီးမှ လိုက်ပါခဲ့မည် ဖြစ်ကြောင်း၊ ထမင်းစားစရာမရှိ တော့ကြောင်း တောင်းပန်ပြောဆို ခဲ့သော်လည်း ကိုယ်စားလှယ်က ရိုင်းပျစွာ ပြန်လည်ပြောဆိုပြီး သောက်လက်စ ဘီယာဘူးနှင့် ပေါက် ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။
“ကျွန်မတို့က ပြောင်းတဲ့နေရာ ကိုပဲလိုက်ရမှာပါ။ ဒါပေမယ့် ကျွန်မ တို့ စားစရာမရှိဖြစ်နေတယ်လို့ ပြောတော့ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုပါတယ်။ သောက်နေတဲ့ဘီယာ ဘူးနဲ့ ပစ်ပေါက်တာခြေထောက်ကို ထိသွားပါတယ်။ အမျိုးသမီး တစ်ယောက်ကို မြန်မာကိုယ်စား လှယ်တစ်ဦးက အရမ်းဆိုးဆိုးရွားရွား ဆဲနေတာကြောင့် အခြားအလုပ် သမားတွေက မခံနိုင်တော့တဲ့အဆုံး ဝိုင်းအုံလာလို့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ ခဏကြာတော့ ထိုင်းရဲတပ်ဖွဲ့က ငါးဦးရောက် လာတယ်။ သူဌေးက အလုပ်သမား တွေ ရန်ဖြစ်နေတယ်ဆိုလို့တဲ့။ သမီးက ဖြစ်ရပ်တွေကိုပြောပြတော့ သူတို့မနက်ကျရင် လာရှင်းပါမယ်။ ဒီမှာအေးဆေးနေကြဖို့ ရဲတွေက မှာသွားကြပါတယ်” ဟု ပြောခဲ့ သည်။
မတ် ၁၄ ရက်ကလည်း မြန်မာ အလုပ်သမားသံအရာရှိ ဦးကျော် ကျော်လွင်နှင့် အဖွဲ့တို့ ဗန်ကောက်မြို့ စမူပါကန်နယ်မြေ စွိုင်အာထယန် အရပ်တွင်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ လာရောက် ခဲ့စဉ်အခါက အလုပ်သမားတင် သွင်းသည့်ကုမ္ပဏီက စားစရိတ် ချေးငွေထုတ်မပေးခြင်းနှင့် စားစရာ များဝယ်မပေးခြင်းတို့အား အမှန် အတိုင်းတင်ပြသည့် အလုပ်သမား ကိုသန်းထိုက်စိုးကို မေဝင့် ကုမ္ပဏီနှင့် MoU  အလုပ်သမား များအား ရန်ကုန်မြို့သို့ လာရောက် လက်မှတ်ထိုး ခေါ်ဆောင်ရာတွင် ပါဝင်ခဲ့သည့် ထိုင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပါးကိုရိုက်ခဲ့ ကြောင်းလည်း သိရသည်။
ဗန်ကောက်မြို့ အခြေစိုက် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က” MoU အလုပ်သမားတင်သွင်း ခြင်းနဲ့ပတ်သက်ပြီးတော့ ပြဿနာ တွေကို အချက်အလက်အပြည့်အစုံ နဲ့ မြန်မာ အစိုးရအာဏာပိုင်တွေကို ကျွန်တော်တင်ပြခဲ့တာ ကြာပါပြီ။

ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လည်း ကျွန်တော်ကိုယ်တိုင် တင်ပြ ခဲ့ဖူးပါတယ်”ဟုပြောသည်။ လေး နှစ်ခန့်ကြာလာသည့် MoU လုပ် ငန်းစဉ်၏ အားနည်းချက်၊ အားသာ ချက်အား နှစ်နိုင်ငံ တာဝန်ရှိသူ တို့ စစ်ဆေးသင့်ကြောင်း ၄င်းက ပြောသည်။ စိုးဝင်း(SP)

No comments:

Post a Comment