Wednesday, March 26, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော်-မတ်(၂၆)
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဖန်ချင်းဟွာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မတ်(၂၄)ရက်မှ (၂၆)ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။

 ကွမ်ရှီးကျွမ်းကိုယ်စားလှယ်အဖွဲ့သည် မတ်(၂၆)ရက် နံနက်(၈)နာရီခွဲတွင် နေပြည်တော်၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ၎င်း၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် ယွမ်(၁ ဒသမ ၀၅)သန်းတန်ဖိုးရှိ Dသည်ါနညါ Fနညါထငညါ Lကထကမပ ဏြဠ အမျိုးအစား မော်တော်ယာဉ်(၆)စီးအား ပေးအပ်ခဲ့သည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပါတီကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့အား မတ်(၂၅)ရက်တွင် မြတ်တော်ဝင်ဟိုတယ်၌ ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment