Wednesday, March 26, 2014

မြိတ်မြို့ ဆိပ်ငယ်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

မြိတ် မတ် ၂၅ ရက်
ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြိတ်မြို့ဆိပ်ငယ်ဈေးတွင် မီးဘေးကြိုတင်ကာ ကွယ်ရေး စစ်ဆေးခြင်းကို မတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဈေးတွင် ခရိုင်မီးဘေးကြိုတင်ကာ ကွယ်ရေး စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။



အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ဈေးအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ ဈေးအတွင်းဆိုင်ခန်း (၁၄၈၅)တွင် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ဈေးအတွင်းရှိ မီးသတ်ရေကန်တည်ဆောက်ထား ရှိမှုနှင့် ရေပက်ပိုက်ငုတ် ရေပေးပိုက်ငုတ်များ၊ အပေါ့စား မီးသတ်စက်ဖြင့် အသုံးပြုသည့် ရေပက်ပိုက်များ၊ ဈေးအတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေးများကို စစ်ဆေးခဲ့ကြပြီး ဈေးမီးဘေးကြိုတင် ကာကွယ်ရေးအတွက် အကြံပြုချက်များ၊ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကာကွယ်ရေး အတွက် ပညာပေးခြင်းများ ဆောင် ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment