Monday, March 31, 2014

ကူးသန်း ရောင်းဝယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဘာသာရပ် သင်တန်းဖွင့်



နေပြည်တော် - မတ် - ၃၁
ပြည်ထောင်စု ရှေ့နေချုပ် ရုံးနှင့် Allen  &  Overy  Limited တို့ ပူးပေါင်း စီစဉ်မှုဖြင့် ကူးသန်း ရောင်းဝယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဘာသာရပ် သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၉)နာရီ ခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ် (Function Hall) ၌ ကျင်းပရာ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က တရားဥပဒေ စိုးမိုးရေး (Rule  of  Law) သည်




 ခိုင်မာသော ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင် မှုနှင့်လည်း သက်ဆိုင်ပြီး  ခိုင်မာသော ဥပဒေ အခြေခံ မူဘောင် ပင်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ ခေတ်သစ် စီးပွားရေး ဥပဒေများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အထူး စီးပွားရေးဇုန် ဥပဒေများ ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ခေတ်သစ် စီးပွားရေး လောကတွင် ဥပဒေများ အပြင် စီရင်ထုံးခေါ် Case  Law နှင့် စာချုပ်စာတမ်းများ သည် လက်တွေ့ဆောင်ရွက်ရာ၌ အဓိက အရေးပါကြောင်း၊ ယင်း၏ ကျောရိုးမှာ ခိုင်မာပြီး ခေတ်မီသော အသိပညာ ဘာသာရပ် သိရှိရန် လိုအပ်ချက်ပင် ဖြစ်ပါကြောင်း၊ စီးပွားရေးဥပဒေ ပညာရှင်သည် စီးပွားရေး လုပ်ငန်းဆိုင်ရာ ဥပဒေ များသာမက အပြည်ပြည် ဆိုင်ရာ စီးပွားရေး ဥပဒေ၏ ကွန်ဗင်းရှင်း၊ စာချုပ်များ၊ လက်တွေ့ကျင့် သုံးမှုများကိုလည်း ကောင်းစွာ သိရှိနားလည်ရန် လိုအပ် ပါကြောင်း၊ မြန်မာ နိုင်ငံသည် နိုင်ငံအများနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်ကို (၇)နိုင်ငံနှင့် ချုပ်ဆိုပြီး ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား စာချုပ်များ (၅)နိုင်ငံ ချုပ်ဆိုပြီး ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံရုံးမှ ဒုတိယ အတွင်းဝန် Mr.  Mathew  Hedges က မိမိတို့နိုင်ငံသည် ၂၀၁၃-၂၀၁၄ တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ EIA, SIA များအတွက် အကူအညီပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက် နစ်နာမှုများကို လေ့လာခြင်းဖြင့် PPP သည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်ခုပင် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
သင်တန်းကို ဧပြီ(၁)ရက် အထိ ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment