Wednesday, March 26, 2014

မြိတ်မြို့တွင် ပြည်သူ့ဗဟိုပြု မီဒီယာဝန်ဆောင်မှု သင်တန်း ၂/၂၀၁၄ ဖွင့်လှစ်

မြိတ် မတ် ၂၅ ရက်
ပြည်သူများကို အသိပညာပေးရေးအတွက် ပြည်သူဗဟိုပြု မီဒီယာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍


တနင်္သာ ရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှု မီဒီယာသင်တန်း (၂/၂၀၁၄)ဖွင့်ပွဲကို မတ်လ(၂၅)ရက်နေ့ နံနက်(၁၀)နာရီတွင် မြိတ်ခရိုင်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တနင်္သာရီတိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းစတင်သည်။ ၎င်းသင်တန်းသို့ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်း(၂၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၂၄)ရက်မှ မတ်လ(၂၈)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူဝန်ဆောင်မှုမီဒီယာ၊ ဆိုရှယ်မီဒီ ယာ အသုံးပြုနည်းလမ်း၊ အင်တာနက် မီဒီယာဝန်ဆောင်မှုလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် သဘောသဘာဝ သတင်းစာ၊ ပြည်သူကိုဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ FTP WebPortal သတင်းအချက် အလက်များပေးပို့ခြင်း၊ သတင်းဓာတ်ပုံရိုက်ကူးနည်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ အင်တာဗျူးမေး မြန်းခြင်းနှင့်သတင်းထောက် ဆက်ဆံရေး၊ သတင်းထုတ်ပြန်ချက်များရေးသားခြင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း နှင့်သတင်းစာ၊ သတင်းစာ ရှင်းလင်းပွဲ ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment