Monday, March 31, 2014

စီးပွားရေး ကွန်ရက် အခမ်းအနားကျင်းပ



ရန်ကုန်-မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Hong Kong Business Mission တို့၏ စီးပွားရေး ကွန်ရက် အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ Traders Hotel ၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက


အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် နိုင်ငံတော် စီးပွားရေး၏ (၂၀)ရာခိုင်နှုန်းကျော် အားဖြည့် ဆည်းပေးလျက် ရှိပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှု အရှိဆုံးနေရာ ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် စုစုပေါင်း ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၏ (၆၁)ရာခိုင်နှုန်းရှိပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Hong Kong Business Mission ၏စီးပွားရေး ကွန်ရက် ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ အကြားအပြန် အလှန် အကျိုး ဖြစ်ထွန်းမှုနှင့် သာယာဝ ပြောမှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် နေ့လယ် စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment