Wednesday, March 26, 2014

ဖရူဆိုမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျောရောဂါ ဖြစ်ပွား

ဖရူဆို     မတ်       ၂၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ဒိုးလာစောကျေးရွာအုပ်စု၊ ထိုခွီဆို ကျေးရွာနှင့် ဒီကူလယ်ကျေးရွာတို့တွင် (၅)နှစ်အောက် ကလေးငယ်များ ဝမ်းပျက်/ဝမ်းလျော ရောဂါများ ဖြစ်ပွားခဲ့ရာ
မြို့နယ်ကျန်းမာရေးဌာနမှ ဒေါ်နော်ရုသ်ဖောနှင့် အဖွဲ့ဝင်များ မတ် ၂၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ကျေးရွာရှိ အိမ်သာများ ပြုပြင်ပေးခြင်း၊ ရေတွင်း/ရေကန်များတွင် ပိုးသတ်ဆေးခတ်ခြင်းများပြုလုပ်ပေးပြီး လူနာအချို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားခဲ့သည့် (၁၈)ဦးအနက် ဒီကူလယ် ကျေးရွာမှ (၂)ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

No comments:

Post a Comment