Friday, March 28, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၈ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ သင်ကြား ပို့ချပေးရေးအတွက် ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ  ဗြိတိသျှကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဗြိတိသျှကောင်စီ ညွှန်ကြားရေးမှူးနှင့် ဗြိတိသျှကောင်စီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment