Wednesday, March 26, 2014

မြိတ်မြို့၌ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ် မတ် ၂၆ ရက်
မြိတ်ခရိုင်၏ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့မြန်ဆန်ရေး၊ ကဏ္ဍအလိုက်ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက်တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊
ကုန်သွယ်မှုမြင့်တင်ရေးနှင့် အတွက် ကုန်သွယ်မှု မြင့်တင်ရေးနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေး အစည်းအေ၀းကို မတ်လ(၂၅)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နယ်စပ်ကုန်သွယ်ရေးစခန်း(မြိတ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကုန်သွယ်မှု မြင့်တင်ရေးနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် ကုန်သွယ်မှုများပြုလုပ်ရာတွင် တရားဝင်လမ်း ကြောင်းအတိုင်း ဆောင်ရွက်ကြရန်နှင့် ကုန်သွယ်မှု ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လျာထားချက် နှင့် ဆောင်ရွက် နိုင်သည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကြည်စန်းနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ရေလုပ်ငန်းရှင်များက ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက် နေမှုကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ဌာနဆိုင်ရာများက ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များနှင့်ကုပ္မဏီများက သိလိုသည် များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နယ်စပ်ကုန်သွယ်ရေး စခန်း(မြိတ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက ဆွေးနွေးချက်များအပေါ် ကုန်သွယ်မှုမြင့်တင်ရေးအတွက် သုံးသပ်ဆွေးနွေးခဲ့ပြီး အစည်းအေ၀းကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment