Saturday, March 29, 2014

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

၁။ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၅ ရက်နေ့မှ ဦးတန်ခူးလဆုတ် ၂ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော်ဖြစ်ပါသည်။
၂။ ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော် သက္ကာရပြုခြင်း၊ ရှင်ပြု ရဟန်းခံအလှူတော်မင်္ဂလာများကျင်းပခြင်းနှင့် တိရစ္ဆာန်များဘေးမဲ့လွှတ်ခြင်းစသော မင်္ဂလာအမှုတို့ကို ပြုမြဲဖြစ် ပါသည်။

၃။ ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိ ခဲ့ပါက ဆေးကြောသန့်စင် သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦးကြည်လင်သန့် ရှင်းမွှေးပျံ့သင်းသည့် နံ့သာရေများကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်းရှိပါသည်။
၎။ သို့သော် လူငယ်တို့သဘာဝအပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်း ဖြင့် တစ်ဖက်သားကို အနာတရ ဖြစ်စေခြင်း၊ တစ်ဖက်သားမခံမရပ်နိုင်သည် အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ် ကျရောက် ခြင်းစသည့်အမင်္ဂလာများလည်း သက်ရောက်တတ်ပါသည်။
၅။ ထို့ကြောင့် ၁၃၇၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကို အောက်ပါ ရည်ရွယ်ချက်များ နှင့်အညီ ကျင်းပသွားရန်ဖြစ်ပါသည်-
(က) မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊
(ခ) ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင် ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊
(ဂ) ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက် ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန် များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊
(ဃ) မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့် ရှောက်တတ်ကြစေရန်၊
၆။ သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါတို့ကို ရှောင်ကြဉ် ကြပါရန်နှိုးဆော်အပ်ပါသည်-
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာ လူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊
(ခ) ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်း တမ်းစွာ ပြောဆိုမှုများရှောင်ကြဉ်ကြပါရန်၊
(ဂ) သူတစ်ပါးအား ဒဏ်ရာအနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများရှောင်ကြဉ်ကြပါရန်၊
(ဃ) သူတစ်ပါး(သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းစသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊

(င) မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက်ဖြစ်စေ တတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုးမဖြစ် စေရေး ဆင်ခြင်ေ ရှာင်ကြဉ်ကြပါရန်၊

No comments:

Post a Comment