Thursday, March 27, 2014

ကျောက်​ပုံ​ပေါ်တွင်​​ထောင်​ထား​သောချိန်​ကိုက်​ဗုံးအတုသာဖြစ်


ယင်းမာပင်၊ မတ် ၂၆
၂၄.၃.၂၀၁၄ ရက်​​နေ့၊ နံနက် (၀၉၁၅) နာရီအချိန်က ယင်းမာပင်ခရိုင်၊ယင်းမာပင်ြမို့ မိုးကုတ်ဝိပဿနာကျောင်ရှေ့ ကတ္တရာလမ်ဘေး၊ ကျောက်ပုံပေါ်တွင် ချိန်ကိုက်ဗုံးထောင်ထားသည်ဟု မသင်္ကာဖွယ်ရာတစ်ခုတွေ့ရှိကြောင်း ယင်းမာပင်မြို့ (ခ)ရပ်ကွက်​​နေ ဦးစံမင်းမှ ဖုန်းဖြင့်ဆက်သွယ်၍ သတင်းရလျှင်ရခြင်း ယင်းမာပင်မြို့နယ်စခန်းမှူး ဒုရဲမှူးအောင်​​ကျော်ထူးနှင့်အဖွဲ့မှ သွားရောက်ပြီး တာဝန်ရှိသူအဆင့်ဆင့်နှင့် မိုင်းရှင်းလင်ရေးအဖွဲ့အား ဆက်သွယ်ကြောင်းကြားသည်

အဆိုပါနေရာသို့(၁၃၄၀)နာရီအချိန်တွင် အမှတ်(၉၀၉) စစ်​​မြေပြင် အင်ဂျင်နီယာတပ်(၇၉) မှ ဗိုလ်​​အောင်​​ကျော်ဟိန်း ဦးစီးစစ်သည် (၉)ဦး၊ နမခ မှ ဗိုလ်ကြီးကျော်မြတ်သူ၊ ယင်းမာပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်း နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ မိုင်းရှင်းလင်ရေးကို ဆောင်ရွက်ကြသည်
ထိုသို့ မိုင်း ရှင်းလင်ဆောင်ရွက်ရာတွင် မသင်္ကာဖွယ်ပိုင်းမှာ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ မပါရှိဘဲ ဟန်ဆောင်ပြုလုပ်ထားသည့် ကလေးကစားစရာ ဓာတ်ခဲကား (၁)စီး၊ နဖူးတပ်ပိုက်ရှည် ဓာတ်မီးခေါင်း (၁)ခု၊ ဆော့ကဒ် (၁)ခု၊ ပလပ်စတစ်အိတ် အကြည်ဖြင့် ထည့်ထားသော ကွမ်းယာထုတ်(၁)ခုမှ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဗမာ​ဆေး များသာ စစ်​​ဆေး​တွေ့ရှိခဲ့၍ ဗုံးအတုသာ ဖြစ်​​သော​ကြောင့်​ ပြည်​သူများစိုးရိမ်​စရာမရှိ​သော​ကြောင့်​ တာဝန်​ရှိသူများကို​ ကျေးဇူးတင်​ဝမ်းသာ​ ကျေးဇူးတင်​ပါတယ်​ ဟု​ဒေသခံတစ်​ဦဂက​ပြောကြားသည်​။

No comments:

Post a Comment