Thursday, March 27, 2014

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အမေရိကန်အခြေစိုက် Western Union မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှု ပြုနိုင်ပြီ

ရန်ကုန် မတ် ၂၆
ယူနိုက်တက်အမရဘဏ်၏ ၂၇ ခုမြောက် ဘဏ်ခွဲဖြစ်သည့် သိမ်ဖြူဘဏ်ခွဲကို မတ် ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် ၁၅၆ တွင် ဖွင့်လှစ်ခဲ့သည်။ ယူနိုက်တက် အမရဘဏ် သည် ရန်ကုန်မြို့တွင်း ATM စက် ၂၂ လုံးကို တပ်ဆင်၍ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၎င်း ATM စက်များဖြင့် MPU ကတ်၊ Visa/ Master ကတ်နှင့် JCB ကတ်များအားလုံး ထုတ်ယူအသုံးပြုနိုင်ကြောင်း သိရှိရသည်။ ၎င်း ဘဏ်၏ ဘဏ်ခွဲ အသီးသီးတွင် ပြည်တွင်းသာမက ပြင်ပ၌အလုပ်လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်မည်ဆိုပါက အမေရိကန်အခြေစိုက် Western Union မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ယူနိုက်တက်အမရဘဏ် လီမိတက်သည် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လမှစတင်၍ လုပ်ငန်းလည်ပတ်ခဲ့ကာ ယခု ဘဏ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းဘဏ်ခွဲ ၂၇ ခုကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲ အဝင်လုပ်ငန်းများကို ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသော ဘဏ်တစ်ခုဖြစ်သည်။

No comments:

Post a Comment