Wednesday, March 26, 2014

နေပြည်တော်-မတ်(၂၆)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Ms. Mary  Mc  Phail ဦးဆောင်သည့်
ကင်းထောက် လူငယ်များအဖွဲ့သည် ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လာရောက်တွေ့ဆုံသည်။

 ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့၏ ဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခြင်း၊ ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့မှ မြန်မာအမျိုးသမီး ကင်းထောက်အဖွဲ့အား ကူညီ ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment