Saturday, March 29, 2014

စုံစမ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ်၊ ၂၄/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်)
စုံစမ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း
၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် Malteser International  အဖွဲ့ ငှားရမ်းထားသည့် နေအိမ်နှင့် UN အဖွဲ့အစည်းများမှ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် နေအိမ်များနှင့် ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များကိုဖျက်ဆီးပြီး ရုန်းရင်း ဆန်ခတ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဥပဒေ နှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေး အပ်လိုက်သည်-


(က) ဗိုလ်ချုပ်မောင်မောင်အုန်း   ဥက္ကဋ္ဌ
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
(ခ) ဦးလှသိန်း အဖွဲ့ဝင်
ပြည်နယ်ဥပဒေချုပ်
ရခိုင်ပြည်နယ်
(ဂ) ရဲမှူးချုပ်နေဝင်း       အဖွဲ့ဝင်
တပ်ဖွဲ့မှူး
လေကြောင်းရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန
(ဃ) ဦးစစ်အေး အဖွဲ့ဝင်
အဖွဲ့ခေါင်းဆောင်
နိုင်ငံတော်သမ္မတ၏
ဥပဒေအကြံပေးအဖွဲ့
(င) ဒေါက်တာကျော်ရင်လှိုင်      အတွင်းရေးမှူး
Myanmar Egress
၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
(က) ၂၆-၃-၂၀၁၄ ရက်နေ့နှင့် ၂၇-၃-၂၀၁၄ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဦးဆောင်ပါဝင်ခဲ့ သူများနှင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးဖော် ထုတ်ရန်။
(ခ) အထက်ပါဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ် အုပ်ချုပ်ရေးအပိုင်းမှ အဓိကတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်။
၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ် ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်။
၎။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံအက်ဥပဒေနှင့် သက်ဆိုင်ရာဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာများသို့ သွား ရောက်စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင် ခံစာကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ထက် နောက်မကျစေဘဲ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment