Friday, March 28, 2014

ဗန်းမော်မြို့နယ်၌ ကျေးရွာချင်းဆက်ကွန်ကရစ်တံတားတည်ဆောက်

မြစ်ကြီးနား မတ် ၂၇
ကျေးရွာချင်းဆက် တံတားများ ကောင်းမွန်ပြီး ကျေးလက်နေ ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်စေ ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် (၁၂၀.၀၀) သန်းဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ သဖန်းပင် ကျေးရွာနှင့် ငှက်ပျောတော ကျေးရွာသို့ ဆက်သွယ်သည့် တံတား အရှည်(၃၄၀) ပေရှိ ကွန်ကရစ် တံတားကို အင်ဂျင်နီယာမှူး ဦးလှိုင်အေးက တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည်။


အဆိုပါ ကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မတ် (၂၇)ရက် မွန်းလွဲပိုင်းတွင် မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့က ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။   

No comments:

Post a Comment