Wednesday, March 26, 2014

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်နှင့်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ


နေပြည်တော် မတ် ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်၌ ရောက်ရှိ နေသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၁)နာရီခွဲတွင် လေကြောင်းခရီးဖြင့်
ပြန်လည်ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဝန်ကြီးဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး၊ ဘရူနိုင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့်တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ (သတင်းစဉ်)


No comments:

Post a Comment