Friday, February 28, 2014

မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးများ ဖွင့်လှစ်ပြီးဖြစ်၍ ပြန်လည်စွန့်လွှတ်သည့်မြေများအတွက် မြေသိမ်းဆည်းခံရသူများက ပိုင်ဆိုင်မှုအထောက်အထားများဖြင့် လာရောက်စုံစမ်းလျှောက်ထားနိုင်

မန္တလေးတိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်အသီးသီးတွင် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံးများကို အောက် ပါအတိုင်း ဖွင့်လှစ်ပြီးဖြစ်သဖြင့် ပြန်လည်စွန့်လွှတ်သည့်မြေများတွင် သိမ်းဆည်းခံထားရသည့် မြေများပါဝင်ခြင်း ရှိ/မရှိကို စုံစမ်းနိုင်ကြောင်း၊ ပါဝင်ပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု

Thursday, February 27, 2014

မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးများ ဖွင့်လှစ်ပြီးဖြစ်၍ ပြန်လည်စွန့်လွတ်သည့်မြေများအတွက် မြေသိမ်းဆည်း ခံရသူများက ပိုင်ဆိုင်မှု အထောက်အထားများဖြင့် လာရောက်စုံစမ်းလျှောက်ထားနိုင်

ပဲခူးတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အသီးသီးတွင် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီရုံးများကို အောက်ပါအတိုင်း ဖွင့်လှစ်ပြီးဖြစ်သဖြင့် ပြန်လည်စွန့်လွှတ်သည့် မြေများတွင် သိမ်းဆည်းခံထားရသည့် မြေများပါဝင်ခြင်း ရှိ/မရှိကို စုံစမ်း နိုင်ကြောင်း၊

ကန်မြဲကန်ကြီး ပြန်လည်တူးဖော် ဒေသခံများ ဝမ်းမြောက်သာဓုခေါ်


တောင်သာ ဖေဖော်ဝါရီ ၂၆
ယခုအခါ နိုင်ငံတော်အစိုးရ၏ စီမံကြီးကြပ်မှုဖြင့် တောင်သာမြို့နယ် ဇဂျမ်း-ကန်မြဲကျေးရွာအုပ်စုအတွင်းရှိ ကျးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကန်မြဲကန်ကြီး ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ အပြင် ပတ်ဝန်းကျင် ကျေးရွာများအတွက် လေးလက်မ စက်ရေတွင်း ရှစ်တွင်းအား တူးဖော်ပေးခဲ့ပြီး တောင်သာ-ဇဂျမ်းကျေးရွာအထိ ၉ ဒသမ ၅မိုင်ကို 11KV ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အတွက် မြေသားလမ်းများ ဖောက်လုပ် ပေးခြင်း လုပ်ငန်းများပါ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်း



(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆။)
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုခေါ်တွင်စေရ မည်။
၂။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ တွင်ပါရှိသော “အနည်းဆုံး ၇ နှစ်မှ အများဆုံး၁၅ နှစ်အထိ” ဆိုသည့် စကားရပ်အစား “ အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၃။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၄ တွင်ပါရှိသော “ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ် သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၎။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၅ တွင် ပါရှိသော “ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်တစ်ဆယ် သိန်းမှ ကျပ်သိန်းငါးဆယ်အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ချမှတ်ရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၅။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၆ တွင် ပါရှိသော “ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၆။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၇ တွင် ပါရှိသော “ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Wednesday, February 26, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်ကန် ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်(၈)နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်အနောက်ကျေးရွာအနီးရှိ ထီလှိုင်ကန် ပြန်လည် ပြုပြင်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

Tuesday, February 25, 2014

စည်ကားနွှဲပျော် ဖော်တော်ဦး ဗုဒ္ဓပူဇနိယပွဲတော်

မိုးကုတ် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့သည် နှစ်စဉ်ရာသီအလိုက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များအဖြစ်  ချမ်းသာကြီး ဘုရားပွဲတော်၊ ကျောက်ပြဿာဒ်ဘုရားပွဲတော်၊ မဟာမုနိဘုရားပွဲတော်၊ ကထိန်ပွဲတော်များ၊ ဖောင်တော်ဦးဘုရားပွဲတော်နှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးများကို  စည်ကားသိုက်မြို့က်စွာ ကျင်းပလေ့ရှိသည့် မြို့တစ်မြို့ဖြစ်ပါသည်။

ဘင်းမ်စတက်နဲ့ မြန်မာ

ဘင်းမ်စတက်နဲ့ မြန်မာ
 ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ ထူးခြား လေးနက်တဲ့နှစ်လို့ ဆိုရမှာ  ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ဆက်စပ် အစည်းအဝေးများကို အိမ်ရှင် နိုင်ငံအနေနဲ့ ဂုဏ်ယူ ဝင့်ကြွားစွာ ကျင်းပပြုလုပ် သွားနိုင်ရန် ပြင်ဆင်လျက်ရှိသလို၊ နှစ်ပေါင်း(၃၀)ကျော်ကြာ  ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူဖို့ တာစူနေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဘင်းမ်စတက် အဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ်နဲ့ တာဝန်ယူနေရတဲ့ မြန်မာ နိုင်ငံအတွက် အခြေအနေ အချိန်အခါ ပေးလာတာနဲ့ အညီ အဖွဲ့ဝင်နိုင်ငံများရဲ့ ညှိနှိုင်းသဘောတူညီချက်အရ တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများကို များမကြာမီ လက်ခံကျင်းပခွင့် ရတော့မှာ ဖြစ်တဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့် ဆိုသလို မြန်မာနိုင်ငံသားများ ဂုဏ်ယူဝမ်းမြောက်ဖို့ ဖြစ်လာပါတော့မယ်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဆပ်ကော်မတီ (Delivery Unit) မှ ပြည်တွင်း လုပ်ငန်းရှင်များသို့ အသိပေးခြင်း

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုဆပ်ကော်မတီ (Delivery Unit)၏ စီစဉ်ကြီးကြပ်မှုဖြင့် ဂျာမနီနိုင်ငံ နှင့် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Joint Venture စနစ်ဖြင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်လိုသော မြန်မာလုပ်ငန်းရှင်များအနေဖြင့် အောက်ပါလိပ်စာသို့ ဆက်သွယ်မေးမြန်း စာရင်းပေးထားနိုင်ပါကြောင်းနှင့်

စာပေဟောပြောပွဲနှင့် ကာတွန်းပြပွဲကျင်းပ

မြ၀တီ ဖေဖော်ဝါရီ ၂၄
(၆၉)ကြိမ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ အခမ်း အနားနှင့် ကာတွန်းပြပွဲအခမ်းအနားကို မြ၀တီခရိုင် မြ၀တီမြို့နယ် သောင်ရင်း ခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်က ကျင်းပရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က အမှာစကားပြောကြားပြီး မြို့နယ် စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးသက်ဦးနိုင်က ကျေးဇူးတင်စကားပြောကြား

ပြည်သူများဘဝ တိုးတက်စေမည့် ကျေးလက်စာကြည့်တိုက်များ

မကွေး ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများဘ၀ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိရာမှ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတတိုးပွား ရရှိစေရန်နှင့် စာဖတ် ခြင်းအလေ့အထကောင်းများရရှိစေ ရန်ရည်ရွယ်၍ ကျေးရွာစာကြည့် တိုက်များကို ဖွင့်လှစ်ထူထောင်ပေး လျက်ရှိသည်။

မုံရွာနှင့် ယင်းမာပင်ခရိုင်တို့ရှိ ပြည်သူ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော် အစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီ၏ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့်အတူ ဖေဖော်ဝါရီ (၂၂)ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ မုံရွာနှင့် ယင်းမာပင် ခရိုင်တို့ရှိ ပြည်သူ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘ၀ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်ရေးအတွက် Delivery Unit အဖွဲ့ပေါင်း (၂၈)ဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး မိမိတို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီအနေဖြင့်

ချုပ်နှောင်ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားရဲတပ်ဖွဲ့မှ ကယ်ဆယ်

ဆွန်ငိုင်ပတနီ ဖေဖော်ဝါရီ ၂၄
မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်းစက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင်ကြသော နေရာဒေသတစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတနီတွင် ပြီးခဲ့သောကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံ

အသိပေးကြေညာခြင်း



၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန် အတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက် လာနေသော ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အခွင့်အလမ်း တူမျှစွာဖြင့် ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်နိုင်စေရန် အတွက်လည်းကောင်း ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေနှင့် အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ အသုံးပြုခြင်း၊ တင်သွင်း ရောင်းချခြင်းတို့ကို စနစ်တကျ ဖြစ်စေရန်အတွက် လုပ်ထုံး လုပ်နည်းများကို တစ်ဆင့်ချင်းဖြေလျှော့ ဆောင်ရွက်ပေးလျက် ရှိပါသည်။

နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ သံဃဝိနိစ္ဆယဖြင့် ဆုံးဖြတ်ထားရှိသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအား ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇/၁၁ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ

နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များတွင်ရှိ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် ဘုန်းကြီးကျောင်းများအား နေပြည်တော် သာသနာရေးမှူး၊ မြို့နယ်သစ်တော ဦးစီးမှူးနှင့် တာဝန်ရှိသူများက (၁၀-၆-၂၀၁၂)ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျူးကျော်ဘုန်းကြီးကျောင်း (၃၇) ကျောင်း

ဓမ္မမောဠိအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာစာပေသင်ကြားရေးဌာနဖွင့်လှစ်



ရန်ကုန်-ဖေဖော်ဝါရီ(၂၄)
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထိပ်ရှိ ဓမ္မမောဠိဝိဟာရ သီလရှင်စာသင်တိုက်တွင် တည်ထားကိုးကွယ်သော မဟာဓမ္မရာဇာ ဆုတောင်းပြည့် စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် အောင်မင်္ဂလာ နဂါးရုံမြတ်စွာဘုရား ရေစက်ချပွဲ၊

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကူဝိတ်နိုင်ငံအမျိုးသားနေ့သဝဏ်လွှာပေးပို့



နေပြည်တော်-ဖေဖော်ဝါရီ(၂၅)
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကူဝိတ်နိုင်ငံအမျိုးသားနေ့ သဝဏ်လွှာများပေးပို့



နေပြည်တော်-ဖေဖော်ဝါရီ(၂၅)
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ (၂၅)ရက်တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့အတွက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကူဝိတ်နိုင်ငံ ဘုရင်ရှိတ်ခ် ဆာဘား အယ်လ် အာမက် အယ်လ် ဂျာဘား အယ်လ် ဆာဘား ထံသို့ ဝမ်းမြောက် ကြောင်းသဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် ဘုရင့်နောင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းစစ်ဆေး




နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်fလွင် သည် ဖေဖော်ဝါရီ(၂၃)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်တံတား အမှတ်(၂) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ပြီး ပင်မတံတား သံပေါင်တပ်ဆင်ရန် Temporary Support ဆောင်ရွက်နေမှု၊ ရေလယ်တိုင်များ Cross Beam ကွန်ကရစ် သွန်းလောင်းပြီးစီးမှု၊ ဘုရင့်နောင်ဘက်ကမ်း ချဉ်းကပ်လမ်း ကျောက်ခင်းနေမှု၊ ချဉ်းကပ်တံတား ကတ္တရာကွန်ကရစ် (AC) ခင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေး

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)တည်ဆောက်မည့်လျာထား alignment နှင့် ကော့ကရိတ်-အစွန်း-ကျိတ်-ကျိုက်ဒုံ-အဇင်းလမ်း စစ်ဆေး

နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်သည် ဖေဖော်ဝါရီ(၂၁)ရက် နံနက်(၉)နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လမ်း/တံတားလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်

Monday, February 24, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယဝန်ကြီး H.E. Mr. Ai Ping ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဒုတိယဝန်ကြီး H.E. Mr. Ai  Ping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မိခင်နှင့်ကလေးမွေးကင်းစမေးခိုင်ရောဂါကင်းဝေးပပျောက်ရေးစည်းဝေး





နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
မိခင်နှင့်ကလေး မွေးကင်းစမေးခိုင်ရောဂါ ကင်းဝေးပပျောက်ခြင်း ဆက်လက်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က အမှာစကားပြောကြားသည်။

အာဆီယံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကော်မတီစည်းဝေး



ရန်ကုန်-ဖေဖော်ဝါရီ(၂၄)
အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ကော်မတီအစည်းအဝေး (WC-CMD) ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးက အမှာစကား ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Ai Ping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။

အသားစားကြက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်




ရန်ကုန် ဖေဖော်ဝါရီ ၂၃ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် မြန်မာစီပီလိုက်ဖ်စတော့ခ် ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းစီစဉ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အင်းစိန်မြို့နယ်ရှိ သင်တန်းခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၁ ရက် အထိ နှစ်ပတ်ကြာ အသားစားကြက် မွေးမြူထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ် ခဲ့ရာ

BMW Motor Rad Club အဖွဲ့မကွေးသို့ရောက်ရှိလာ



မကွေး ဖေဖော်ဝါရီ ၂၃
မလေးရှားနိုင်ငံမှ BMW Motor Rad Club အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီက မကွေးမြို့သို့ ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားလက်ခံ ဖြန့်ဖြူးနိုင်ရေး မြေပုံမြို့တွင် ဓာတ်အားလိုင်းများတည်ဆောက်နေ


မြေပုံ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် အတွင်းသို့ မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူပြီး ၂၀၁၄ ခုနှစ်အကုန်တွင် အသုံးပြုနိုင်ရန် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက်နေကြောင်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

Saturday, February 22, 2014

မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးများ ဖွင့်လှစ်ပြီးဖြစ်၍ ပြန်လည်စွန့်လွှတ်သည့် မြေများအတွက် မြေသိမ်းဆည်းခံရသူများက ပိုင်ဆိုင်မှု အထောက်အထားများဖြင့် လာရောက်စုံစမ်းလျှော်ကထားနိုင်



ကချင်ပြည်နယ် ခရိုင်နှင့်မြို့နယ်အသီးသီး တွင် မြေအသုံးချမှုစီမံ ခန့်ခွဲရေးကော်မတီ ရုံးများကို အောက်ပါ အတိုင်း ဖွင့်လှစ်ပြီးဖြစ် သဖြင့် ပြန်လည်စွန့်လွှတ်သည့်မြေများတွင် သိမ်းဆည်းခံထားရ သည့် မြေများ ပါဝင်ခြင်းရှိ/မရှိကို စုံစမ်းနိုင်ကြောင်း၊ ပါဝင်ပါက သက်ဆိုင်ရာရပ်ကွက် /ကျေးရွာ အုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံး (ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး)များတွင် ခိုင်လုံသော အထောက် အထားဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြေရှင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်

ကျေးလက်ဒေသဖွံ့ဖြိုးဆိုင်ရာ ဆပ်ကော်မတီသို့ ကျေးလက်ဒေသသောက်သုံးရေရရေးနှင့် ပတ်သက်၍ အကြံပြု ချက်များအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာ



ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ ၇-၁၁-၂၀၁၃ ရက်နေ့မကွေးတိုင်းဒေသကြီး ခရီးစဉ် တွင် ပြည်သူ လူထု ကိုယ်စားလှယ် များက ကျေးလက်ဒေသသောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေး ရန် အကြံပြုတင် ပြချက်များနှင့် စပ်လျဉ်း ၍ မွေးမြူရေး၊

မန္တလေးမြို့ပေါ် ဆိုင်ကယ်များ ပျောက်ဆုံးမှု လူခြောက်ဦးဖမ်းဆီးမှု မြို့နယ်အသီးသီးမှ ခိုးယူခဲ့သော ဆိုင်ကယ် ၁၄ စီး ပြန်လည်သိမ်းဆည်း



မန္တလေးမြို့ပေါ် ဆိုင်ကယ်ခိုးမှုများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်န၀ါရီလ ၁ရက်က ပြည်ကြီးတံခွန်မြို့နယ်နေ ငွေခဲ (၁၉နှစ်) နှင့် မိုးဝင်း (၂၄)နှစ်တို့အား ခေါ်ယူစစ်မေး ပေါ်ပေါက်ချက်များအရ ဆိုင်ကယ်ခိုးယူရောင်းဝယ်မှုများတွင် ပါဝင်ပတ်သတ်သည့် မိုးဝင်း၊ ငွေခဲ၊ သက်ဇော်(ခ) ကတုံး၊ အောင်ကိုကိ(ခ) တုံချမ်း ၊ ရဲညီ(ခ) အဖိုးကြီးနှင့် ဇင်ကိုလတ်(ခ) ကိုလတ်တို့ ခြောက်ဦးအား ၄င်းတို့ခိုးယူခဲ့သော ဆိုင်ကယ် ၁၄စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဂွေးတို၊ ရာကျော်နှင့် နိုင်းနိုင်းတို့သုံးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Friday, February 21, 2014

ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး ကွင်းဆင်းဆောက်ရွက်

ကံမ  ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာန ရန်ပုံငွေ ကျပ်ရှစ်သိန်းဖြင့် အောင်မြန်မာသမအသင်းမှ တင်ဒါရယူ၍ သစ်မယ် ဇလီ ကျေးရွာ နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် (၁၀၀× ၁၀၀×၃) ပေ ရှိ မြေသား မိုးရေလှောင် ကန် တူး ဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သတ်မှတ်အတိုင်း အတာစံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်နိုင်ရေးအ တွက် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝေ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီသို့ ဆွေးနွေး အကြံပြုချက်များအပေါ် သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ချက်များ

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ဆောင်ရွက်မှု
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကုန်စည်ဒိုင်ဖြစ်ပေါ် တိုးတက်ရေး ကိစ္စဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ပင်လောင်းမြို့နယ်တွင်ကုန်စည်ဒိုင်စတင် အကောင်အထည်ဖော်ဆောင် ရွက်နေပြီး ဆီဆိုင် မြို့နယ်တွင် ကုန်စည်ဒိုင်ဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ 

ထင်းသယ်ကားပေါ်မှ ပြုတ်ကျ လူနှစ်ဦးသေဆုံး



 ကျောက်တံခါး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင် တိုင်အမှတ် (၇၉/၂)နှင့် (၇၉/၃)ကြား တွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီကထင်းသယ်ကားပေါ်မှ လူနှစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ် ဆီဆုံကုန်းကျေးရွာအုပ်စု ဆီဆုံကုန်း ကျေးရွာနေ ယာဉ်မောင်းစောတင်ဇော် (၃၂ နှစ်)

မဆင်မခြင်မောင်းနှင်သူယာဉ်မောင်း ယာဉ်တိမ်းမှောက်သေဆုံး



ကသာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်အတွင်း ယာဉ် ကိုမဆင်မခြင်  မောင်းနှင်ခဲ့သော ကြောင့် ယာဉ်မောင်းသူသေဆုံးရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်း အထိမ်းအမှတ် အထူးစာပို့ တံဆိပ်ခေါင်းသစ် ရောင်းချမည်



 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏

ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်

(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံမှပေးပို့သည့် သဝဏ်လွှာအပြည့်
အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ချစ်ခင်လေးစား အပ်ပါသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
၁။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ဝမ်းမြောက် စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်း ဆက်သအပ်ပါသည်။

လူသတ် ထွက်ပြေးသူကို ၂၄ နာရီ အတွင်း ဖမ်းမိ



ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးမြို့ မြို့မရဲစခန်းအပိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ဘုရားဈေးအတွင်း လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံး သူမှာ ထွန်းနန္ဒာဖြိုး (၂၈နှစ်) ဈေး ရောင်း မြင်တော်သာ (၁)လမ်း နန်းတော်ရာရပ်ကွက်နေသူဖြစ်ပြီး

(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်
ရက်စွဲ၊ ၁၉-၂-၂၀၁၄။
(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ချစ်ခင်လေးစားအပ်ပါသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
၁။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်း အမှတ်နေ့တွင် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးနှင့် အကျုံးဝင် သက်ဆိုင်သော နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်သာမက မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင် သော နေ့တစ်နေ့လည်း ဖြစ်ပါ သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ကိုရီးယား-ရန်ကုန် ခရီးစဉ်စတင်



ရန်ကုန် ဖေဖော်ဝါရီ ၂၀
မြန်မာပြည်၏ တစ်ခုတည်းသော I IOSA လက်မှတ်ရ လေကြောင်းလိုင်းဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)သည် Korean Air ၊ Asiana Airlines  တို့နှင့် Code Share အကျိုးတူပူးပေါင်း၍ ၂၀၁၃  ခုနှစ်မှစတင်၍ ကိုရီးယားခရီးစဉ် ရန်ကုန်-ဆိုးလ်-ရန်ကုန် ခရီးစဉ်များကို ပျံသန်းလျက်ရှိရာ ယခု ဖေဖော်ဝါရီ ၂၁ ရက်တွင် ကိုရီးယားနိုင်ငံ Pusan  အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှား (Charter) ခရီးစဉ်အနေဖြင့် ပထမဆုံးအကြိမ် ပျံသန်း ပေးခြင်းဖြစ်သည်။ ထို့ပြင် ကိုရီးယား-ရန်ကုန် နေ့စဉ်ပုံမှန် (Schedule) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အသိပေးကြေညာ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုနိုင်ရန် အတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုး တက်လာနေသော ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အခွင့်အလမ်းတူမျှစွာဖြင့် ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများဆောင်ရွက်နိုင်စေရန်

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ ပြန်လည်အပ်နှံရန် နှစ်ကာလသက်တမ်းသတ်မှတ်ပြီးမှသာ ဆောင်ရွက် နိုင်မည်




နေပြည်တော် ဖေဖော်ဝါရီ ၂၀
စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော် ယာဉ်များကို ယာဉ်အို ယာဉ်ဟောင်း အဖြစ်သတ်မှတ်အပ်နှံရေးကိစ္စတွင် ၎င်းယာဉ်များအတွက် အပ်နှံရေး အချိန်ကာလတစ်ခု သတ်မှတ်ပြီးမှ သာလျှင် ပိုင်ရှင်များ၏ဆန္ဒအရ အပ်နှံခွင့် ရှိမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရွှေစက်တော် ဘုရားဖူးခရီးသည် များပြားလာသဖြင့် တည်းခိုခဈေးနှုန်းများမြင့်တက်



ယခုနှစ်ရွှေစက်တော် ဘုရားပွဲ တော်တွင် လာရောက်ဖူးမြော်သူသိသာစွာများပြားလာသဖြင့် တည်းခို ခဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်လာသည်။ နှစ်စဉ်ကျင်းပသည့် ရွှေစက်တော်ဘုရားပွဲတော် ကာလတွင် ဘုရားဖူးပြည်သူများလာ ရောက်ဖူးမြော်သူ များပြားလေ့ရှိသော်လည်း ယခင်နှစ်ကထက် ဘုရားဖူး ဦးရေသိသာစွာ များပြားနေသဖြင့်တည်းခိုခဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဘုရားဖူးခရီး သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက်

Thursday, February 20, 2014

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြခြင်းအတွက် အားရကျေနပ်မိ



ရန်ကုန် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနားနှင့်အဖွဲ့သည် ခရီးစဉ်ပြီးဆုံး၍ ပြန်လည် မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသဘောင်္ ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုနှင့် Myanmar Voyages International Tourism Co.Ltd. ၏ အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး M.V Silver Shadow သည် ယနေ့နံနက် ၆ နာရီခန့်တွင် ဒုတိယအကြိမ်အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမြို့မှတစ်ဆင့် ဆိုက်ရောက်လာသည်။

လူကုန်ကူး ရောင်းစားရန် ပို့ဆောင်သူများကို အရေးယူ



ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်ပြည်တွင် အလုပ်အကိုင်ကောင်းပြီး အုတ်စက်ရုံတွင် အလုပ်ရနိုင်မည်ဟုစည်းရုံးပြောဆိုကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် ခေါ်ဆောင် လာစဉ် ကွမ်းလုံမြို့ အေးရှားဝေါလ် တိုးဂိတ်၌သတင်းအရ ဖမ်းဆီးရမိသဖြင့် ခေါ်ဆောင်လာသူများကို ချင်းရွှေ ဟော်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။